အသစ်ဖွဲ့စည်းသည့် ACID Army People Defense Force Mandalay အဖွဲ့၏ Page Logo ပုံကို တွေ့ရစဥ်
MT News
Written by Min Mahar
မန္တလေးမြို့ပေါ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဥ်နောက်ပိုင်း တော်လှန်ရေးအဖွဲ့မျိုးစုံ ပေါ်ထွက်လာပြီးနောက် ဖွဲ့စည်းတိုက်ခိုက်နေသည့် ACID Army PDF အဖွဲ့က မန္တလေးမြို့ပေါ် ပြောက်ကျားတိုက်ခိုက်ရန် ACID Army People Defense Force Mandalay(ACID Army PDF-MDY) အဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယခင်က ACID Army PDF အဖြစ်လှုပ်ရှားနေရာမှ ယခုထုတ်ပြန်ပြီးသည့်အချိန်မှ၍ မြို့ပြပြောက်ကျားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်သွားရန်အတွက် ACID Army PDF-MDY မြို့ပြပြောက်ကျားအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ကလည်း Voice Of Mandalay သတင်းမီဒီယာသည် SAC ကို သတင်းမီဒီယာဖြင့် တော်လှန်နေရာမှ ၎င်းတို့အဖွဲ့ကိုယ်တိုင် Voice Of Mandalay-Front Warriors (Vomdy-FW) အမည်ဖြင့် လက်နက်ကိုင်ဆောင်ကာ SAC အား တိုက်ခိုက်တော့မည်ဟု အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး လှုပ်ရှားဆောင်ရွက်နေကြောင်း သိရသည်။
“နိုင်ငံရေးကိုအကြောင်းပြပြီးတော့ တော်လှန်ရေးခေါင်းစဉ်အောက်ကနေ လူတွေကိုအကြောင်းမဲ့ သတ်နေတာကို မဖြစ်စေချင်တော့ဘူး။ အကြမ်းဖက်မှုကိုလည်း ဘယ်ဘက်ကမှကို မဖြစ်စေချင်တော့ဘူး” ဟု မြို့နေပြည်သူတစ်ဦးက MT News သို့ ပြောသည်။
