၃၁. ၁၂. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၀) ရပ်ကွက်၊ ဧရာဝဏ်လမ်းသွယ်(၁)ရှိ Hotel Novel တွင် ဒီဇင်ဘာ ၃၀ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ Hotel CCTV အခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစက်နှိုးစဥ် Main Breaker သို့သွယ်တန်းထားသော ဝါယာကြိုးများအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၄ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီး ဝါယာကြိုးများ၊ Main Breaker နှင့် TV တစ်လုံးအပါအဝင် CCTV Receiver တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၀ အရွယ် မန်နေဂျာအမျိုးသမီးကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *