၁. ၁. ၂၀၂၄
Written by Nay Moe

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်က အမျိုးသမီးတစ်ဦးဟာ တပ်နဲ့ ပူးပေါင်းပြီး ပြည်သူကို အနိုင်ကျင့် ဒုက္ခပေးနေတယ်လို့ တိုက်တန်းချက်အရ မဖြူ(ခ) ဇီးကွက်မ ဆိုသူရဲ့နေအိမ်ကို သွားရောက်ပစ်သတ်ရာမှာ ကျည်မထွက်လို့ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) က ပြောပါတယ်။

နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီအချိန် (ဌ) ရပ်ကွက် စကားဝါ (၅)လမ်းထဲမှာရှိတဲ့ မဖြူ(ခ)ဇီးကွက်မ ဆိုသူရဲ့နေအိမ်အနီးမှာ ချောင်းမြောင်း ပစ်ခတ်ချိန် သေနတ်က ကျည်ညပ်ပြီး ကျည်မထွက်တာကြောင့် နေအိမ်ကို ဗုံးနဲ့ပစ်ရာမှာ မဖြူ (ခ) ဇီးကွက်မရဲ့ မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး (ဌ)ရပ်ကွက်အတွင်းကို လခရတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး စကားဝါ (၅)လမ်းမှာလည်း ည ၁၀ နာရီဝန်းကျင်အချိန်ထိ အင်အားအများအပြားနဲ့ရှိနေပြီး လိုက်လံ စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ သိရသလို ဒလန်လို့သတ်မှတ်ထားသူတွေကို ဆက်လက်ရှင်းလင်းမယ်လို့လည်း မြောက်ဥက္ကလာ ပကဖ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *