၁. ၁. ၂၀၂၄

Photo Tha Doe

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ 2024 Yangon New Year Countdown ပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီက စတင်ကျင်းပရာမှာ ၂၀၂၄ နှစ်သစ်ကူးပြီးတဲ့အထိ ပြည်သူတွေ ပျော်ရွင်စည်ကားခဲ့တာ တွေ့ရပါတယ်။

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တွေ ၊ အဆိုတော်တွေ၊ DJ ပညာရှင်တွေ၊ အကအဖွဲ့တွေ၊ မျိုးဆက်သစ် တေးသံရှင်တွေနဲ့ ဖျော်ဖြေတင်ဆက်ပြီး မီးရှူးမီးပန်းပစ်ဖောက်တာအပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ နှစ်သစ်ကူးညမှာ နှစ်သစ်ကူး Countdown ပြီးတာကိုတောင် ပြည်သူတွေက မပြန်ဘဲ ဆက်လက်ကခုန်နေခဲ့တာပါ။

ပွဲတော်ကို ညလုံးပေါက် ကျင်းပနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ည ၁ နာရီ အချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီ အချိန်အထိ ခေတ္တပယ်ဖျက်ခွင့်ပြုတယ်လို့ အများပြည်သူသိရှိစေဖို့ ကြေညာထားတဲ့အတိုင်း အခုအချိန်အထိ ပြည်သူ့ရင်ပြင်မှာ အများပြည်သူတွေက နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆိုနေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *