၁. ၁. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြတဲ့ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက နှစ်သစ်ဦးအလှူအနေနဲ့ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်လမ်းရှိ ဆရာတော်ကျောင်းမှာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

“၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်လေးမှာ နှစ်ဦးအလှူလေးအဖြစ် မဟာစည်သာသနာ့ရိပ်သာလမ်းမှာရှိတဲ့ ဘုန်းဘုန်းကျောင်းမှာ အာရုံဆွမ်းကပ်လှူခဲ့ပါတယ်”လို့ အကယ်ဒမီအိန္ဒြာကျော်ဇင်က ပရိသတ်တွေသိအောင် ကုသိုလ်တွေ မျှဝေလာပါတယ်။

သူတို့နှစ်ဦးရဲ့ အလှူနဲ့ပတ်သက်ပြီး ချစ်ရတဲ့ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်ပြီး သာဓုခေါ်ဆို မေတ္တာဆုတောင်းတွေ ပို့သ သလို နှစ်သစ်ဆုတောင်းတွေလည်း ပို့သကြပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကိုလည်း ပရိသတ်တွေ လွမ်းနေကြလည်း ဖြစ်ပါတယ်။

အကယ်ဒမီပြေတီဦးကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ကျရောက်ခဲ့တဲ့မွေးနေ့မှာ ၃ ရက်တာ ရဟန်းခံခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ရုံတင်ပြသမယ့် ဂျလေဘီ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မြင့်မြတ်နဲ့အတူ မင်းသမီးအိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *