၁. ၁. ၂၀၂၄
Written By Thandar

“မောင်လေးစား”တေးသီချင်းနဲ့ ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ တေးသံရှင်လှယမင်းအိမ် (ခ)Kate ကတော့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ Good Day Music Video သီချင်းသစ် ပရိသတ်ကို လက်ဆောင်ပေးသွားမှာပါလို့ MTNewsကို ပြောပါတယ်။

ဒီသီချင်းကို ဒီနေ့ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီမှာ Hla YaMin Eain Page, YouTube တွေကနေ ပရိသတ်အတွက် တင်ဆက်ပေးသွားမယ်လို့ဆိုပါတယ်။

“သီချင်းကလေ Good Day ဆိုတဲ့အတိုင်းပဲ နှစ်သစ်မှာထုတ်ဖို့ ရည်ရွယ်ထားတဲ့ သီချင်းလေးပါ။ အဓိက,ကသီချင်းလေးက လူတွေပြောချင်တာက အတိတ်ဟာအတိတ်မှာပြီးခဲ့ပြီ။ အနာဂတ်မှာအကောင်းဆုံး ကြိုးစားရှင်သန်ကြမယ်။ မကောင်းတာတွေမလုပ်နဲ့။ လူတွေကို Positive Voice ပေးတဲ့သီချင်းလေးပါ။ နှစ်သစ်မှာ မကောင်းတာတွေ နောက်မလုပ်နဲ့ ပျော်ပျော်ပါးပါးနဲ့ ရှင်သန်သွားကြမယ် ပုံစံမျိုးလေးပုံဖော်ထားတာပါ။ Music Video ရိုက်ထားတာက မွေးနေ့ပြီးရင်လုပ်မယ့် အလှူပုံစံလေးတွေကို မခိုင်နှင်းဝေမိဘမဲ့ကျောင်းတွေ ဘိုးဘွားရိပ်သာတွေလိုက်လှူထားတာလေးပါမယ်။ လမ်းမှာတွေ့တဲ့စည်ပင်တို့ ကလေးငယ်လေးတွေ အမှန်လိုအပ်နေသူတွေကို ပိုက်ဆံနဲ့မုန့်လေးတွေနဲ့ဝေမျှတဲ့ ပုံစံလေး ရိုက်ကူးပုံဖော်ထားပါတယ်”လို့ တေးသံရှင်လှယမင်းအိမ်(ခ) Kate က ပြောပါတယ်။

အဆိုပါ တေးသီချင်းကို ဒါရိုက်တာရဲဇာနည်က Documentary ပုံစံနဲ့ သီချင်းအဆိုရုပ်ကတ်လေးတွေနဲ့ ကြည်နူးစရာပုံစံ ရိုက်ကူးပုံဖော်ထားတယ်လို့ဆိုပါတယ်။ Good Day သီချင်းလေးထွက်လာရင် ပရိသတ်တွေ နားဆင်ပေးပါဦးလို့ဆိုပါတယ်။ တေးသံရှင် လှယမင်းအိမ်ကတော့ လက်ရှိ ကိုရီးယားနိုင်ငံမှာ ပညာရေးအတွက် ကျောင်းတက်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *