၂၉. ၁၂. ၂၀၂၃
Written by Nay Moe

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပုန်းအောင်းနေတဲ့ မူးယစ်ဆေးဖြန့်ချိသူ တရုတ်နိုင်ငံသား ၁၀ ဦးကို ဆုကြေးနဲ့အတူ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတရားခံပြေးတွေက Zhang Anlong ၊ Ma Wenxiang ၊ Wu Yuyang၊ Zeng Xiaoyong ၊ Li Guoping ၊ Sun Qiang ၊ Yan Huanping ၊ Mu Chaodong နဲ့ Long Hua ဆိုတဲ့ အမျိုးသား ၉ ဦးနဲ့ Yang Jinmei ဆိုတဲ့ အမျိုးသမီးအပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံသား မူးယစ်ဆေးဝါး တရားခံ ၁၀ ဦးကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်တဲ့သူကို တရားခံတစ်ဦးရဲ့ သတင်းပေးနိုင်တိုင်း ဆုကြေးငွေ ယွမ်ငွေ ၁ သိန်းကနေ ၂ သိန်းထိ ပေးမယ်လို့လည်း တရုတ်နိုင်ငံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတရားခံတွေကို တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ယူနန်ပြည်နယ်၊ ဖူကျန်းပြည်နယ်၊ ကျန်းစီပြည်နယ်၊ ဟူနန်ပြည်နယ်၊ စီချွမ်းပြည်နယ်၊ ကွမ်ကျိုးပြည်နယ် စတဲ့ ပြည်နယ်အသီးသီးရဲ့ ပြည်သူ့လုံခြုံရေးဌာနတွေက မူးယစ်ဆေးဝါးဖြန့်ချိတဲ့ ဂိုဏ်းအဖွဲ့အသီးသီးရဲ့ အရေးပါတဲ့အဖွဲ့ဝင်တွေဖြစ်လို့ တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး အဲ့ဒီလူတွေကို သတင်းပေးရင် ယွမ်ငွေ ၁ သိန်းကနေ ၂ သိန်းထိ ဆုကြေးငွေပေးမယ်လို့လည်း ကြေညာလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *