၂၉. ၁၂. ၂၀၂၃
Written by Nay Moe

အသက် ၇၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူးတစ်ဦးကို မိသားစုဝင်တွေရှေ့မှာပဲ PDF အဖွဲ့ဝင် ၂၀ ခန့်က လာရောက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်က ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၇ နာရီခွဲမှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရှမ်းတောကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ရှမ်းတောကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြိုင်(၇၂)နှစ်ဟာ နေအိမ်မှာ မိသားစုနဲ့အတူ ရှိနေချိန် PDF အင်အား ၂၀ ခန့်ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာကြောင့် ဦးကျော်မြိုင်ဟာ ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ နိုဝင်ဘာလအထိ အစိုးရဝန်ထမ်းတွေနဲ့ ရပ်ကျေးတာဝန်ရှိသူတွေကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”ဆိုတဲ့ စွပ်စွဲချက်နဲ့ PDF တွေက သ-ဖြ-မှုမှာ ပြည်သူ ၆၈၀၀ ခန့် သေ-ဆုံးထားပြီး ဒီအထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ကျော်၊ ဆရာ၊ ဆရာမ ၈၈ ဦး၊ ကျောင်းသားကျောင်းသူနဲ့ ကလေးငယ် ၂၃၀ ကျော် သ-ဖြ-ခံထားရသလို ကျောင်းနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံ ၈၀၀ ခန့်ကိုလည်း PDF တွေက ဗုံးခွဲတာ၊ မိုင်းထောင်ဖောက်ခွဲတာနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *