၂၆. ၁၂. ၂၀၂၃
Written by MMAK

◾ နယူးကာဆယ် Vs နော်တင်ဟန် ဖောရက်

နယူးကာဆယ် အဝေးကွင်းညံ့ပေမဲ့ အိမ်ကွင်းကတော့ ဘယ်အသင်းမဆို အနိုင်ကန်နိုင်တဲ့ ခြေစွမ်းရှိပါတယ်။ ဥရောပ ပွဲစဉ်တွေကနေ ထွက်ခဲ့ရလို့ ပရီးမီးယားလိဂ်တစ်ခုတည်းသာ အာရုံစိုက်ရတော့မဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီပွဲပြီးရင် လီဗာပူး၊ မန်စီးတီး၊ ဗီလာတို့နဲ့ ပွဲကြပ်တွေ ကန်စရာရှိပါတယ်။ နည်းပြအသစ်နဲ့ နော်တင်ဟန်ဖောရက်အသင်း နယူးကာဆယ်ကွင်းမှာ ရုန်းကန်ရမှာ သေချာပါတယ်။ ဘော်ဒီကြေး တစ်လုံး ခြောက်ဆယ် အရှုံး ပေးထားတဲ့ ပေါက်ကြေးအရ နယူးကာဆယ် ရှုံးပွဲတွေကနေ ပြန်လာချိန်တန်ပါပြီ။ အိမ်ကွင်းကောင်းတဲ့ နယူးကာဆယ်ကို ရွေးချယ် ထားရမှာပါ။

◾ ဘုန်းမောက် Vs ဖူဟမ်

ဘုန်းမောက်ရဲ့ ခြေစွမ်းနဲ့ တိုက်စစ်မှူး ဆိုလန်ကီရဲ့ သွင်းဂိုးတွေကို ရပ်တန့်လို့ မရသေးတာဖြစ်ပါတယ်။ ဘော်ဒီကြေး ပြားခုနှစ်ဆယ်အရှုံး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်စားဖြစ်ပါတယ်။ အမှတ်ပေးဇယား အလယ် ရောက်နေပြီး ဟိုမရောက် ဒီမရောက် ရောက်နေတဲ့ အသင်းနှစ်သင်းဖြစ်ပါတယ်။ ဖူဟမ် အသင်း အဝေးကွင်း သိပ်မကောင်းသလို တိုက်စစ်မှာ ဝီလီယံနဲ့ ဂျင်မီနက် မပါနိုင်တာကြောင့် တိုက်စစ် အားနည်းနေပါတယ်။ ခြေစွမ်းကောင်းနေသလို အိမ်ကွင်းလည်းဖြစ်တဲ့ ဘုန်းမောက်ကိုပဲ ရွေးချယ်ထားရဦးမှာ ဖြစ်ပါတယ်။

◾ ရှက်ဖီး U Vs လူတန်

တန်းတက်နှစ်သင်းဖြစ်ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်ကြမဲ့ အားပြိုင်ပွဲဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ လူတန်တောင်းက ကစားအား ပိုကောင်းလာတာဖြစ်ပါတယ်။ ခြေရည်တူ နှစ်သင်းဖြစ်သလို တန်းတက်နှစ်သင်းဖြစ်တဲ့အတွက် အနိုင်အရှုံးပေါ်အောင် ကစားကြမှာ ဖြစ်ပါတယ်။ အိမ်ရှင် ရှက်ဖီး ခြေစွမ်းအတက်ဘက်ရောက်နေတဲ့ လူတန်တောင်းကို ပြားနှစ်ဆယ် အရှုံးသာပေးထားနိုင်ပါတယ်။ ခြေစွမ်းတက်နေတဲ့ လူတန်တောင်းအသင်း အိမ်ရှင်ရှက်ဖီးကို အနိမ့်ဆုံး သရေလောက်ထိ ကစားနိုင်မယ် ထင်တာကြောင့် လူတန်တောင်းကို ရွေးချယ်ထားချင်ပါတယ်။

◾ ဘန်လေ Vs လီဗာပူး

ဖူဟမ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဘန်လေအသင်း အိမ်ကွင်းမှာ လီဗာပူးကို ဘာထပ်လုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်ပါတယ်။ လီဗာပူးလ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က အချိတ်အဆက် မမိတာမျိုးတွေ ဆာလက် ခြေစွမ်းမပြနိုင်ရင် တိုင်ပတ်နေတာမျိုးတွေ တွေ့ရပါတယ်။ အဝေးကွင်းမှာ လီဗာပူးအသင်း ဘော်ဒီကြေး တစ်လုံး ခုနှစ်ဆယ် အရှုံး ပေးထားပါတယ်။ လီဗာပူးအသင်း အဝေးကွင်းမှာကပ်နိုင်သွားလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ ကွန်ပနီရဲ့ဘန်လေအသင်း ရုန်းအားကို ဆက်လက်စောင့်ကြည့်ချင်တဲ့အတွက် အိမ်ရှင်ဘန်​လေကို ရွေးချယ် ထားချင်ပါတယ်။

◾ မန်ယူ Vs ဗီလာ

မန်ယူအသင်းရဲ့ခြေစွမ်း အဆိုးဆုံး အခြေအနေဖြစ်သလို နောက်ဆုံး လေးပွဲဆက် ဂိုးသွင်းမထားနိုင်ပါဘူး။ မန်ယူအသင်းရဲ့ တိုက်စစ် ကစားသမား သုံးယောက်က ဘယ်လိုမှ အစေးမကပ်သေးတာ ဖြစ်ပါတယ်။ အမ်မရီရဲ့ ဗီလာအသင်း နောက်ဆုံးဆယ်ပွဲဆက် မရှုံးခဲ့သလို အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားချိန် ဖြစ်ပါတယ်။ ဘော်ဒီကြေး ပြားသုံးဆယ် အရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံးဖြစ်ပါတယ်။ ဗီလာအသင်း အဝေးကွင်းမှာတော့ အိမ်ကွင်းလောက် မကောင်းပါဘူး။ မန်ယူအသင်းရဲ့ တိုက်စစ်ကလည်း တစ်ဂိုးရဖို့ကို အသည်းအသန် ကန်နေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လေးဂိုးရောက်ဖို့ ဆိုတာ တကယ်မလွယ်တာပါ။ အလွန်ဆုံး သုံးဂိုးသာ ဖြစ်နိုင်ပါတယ်။ ဂိုးအောက်က လွဲပြီး တခြားရွေးစရာ မရှိပါဘူး ။ ဂိုးပေါင်းအောက် တစ်မျိုးတည်းကိုသာ ရွေးချယ် ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *