၂၃ – ၁၂ – ၂၀၂၃
Written by MMAK

ဝက်စ်ဟမ်း Vs မန်ယူ

ဘောဒီကြေး ဒဲ့ အနေအထား ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း ပြိုင်ပွဲစုံ ကစားထားရပေမဲ့ ခြေစွမ်းကောင်းနေသလို တိုက်စစ်ကလည်း ဂိုးသွင်းခြေတွေ့နေတာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့  နောက်ဆုံးသုံးပွဲလုံး တစ်ဂိုးမှ မရခဲ့ပေမဲ့ ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်စားဆိုတဲ့ ကြေးပေါက်အနေအထားမှာ မန်ယူရဲ့ သွင်းဂိုးတွေ တွေ့မြင်ရနိုင်သလို အဓိကကွင်းလယ်တိုက်စစ်ကစားသမား ဖာနန်ဒက်စ် ပြန်လည်ပါဝင်နိုင်တော့မဲ့ အချက်ကြောင့် သွင်းဂိုးတွေ ပြန်မြင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်း ဂိုးရမှာ ဖြစ်သလို မန်ယူလည်း ဂိုးရမှာ ဖြစ်လို့ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ပွဲ ဖြစ်ပါတယ်။ ဘော်ဒီကြေးပျော့နေပေမဲ့ ဂိုးပေါင်းကြေးမြင့်တဲ့ ပေါက်ကြေးဖော်လိုအရ ဂိုးပေါ် တစ်မျိုးတည်းကိုဘဲ ရွေးချယ်ရမှာ ဖြစ်ပါတယ် ။

ဖူဟမ် Vs ဘန်လေ

အိမ်ကွင်းနှစ်ပွဲဆက် ငါးဂိုးပြတ်သွင်းပြီး နိုင်ပွဲရထားတဲ့ ဖူဟမ်ရဲ့ တိုက်စစ်မှာ အဓိကကစားသမားတွေဖြစ်တဲ့ ဂျင်မီနက်နဲ့ ဝီလီယံ မပါဝင်နိုင်ပါဘူး။ ဘန်လေ ခြေစွမ်းမကောင်းသလို တိုက်စစ်က သွင်းဂိုးတွေ မရတာကြောင့် ဇယားအောက်ဆုံးထိ ရောက်နေပါတယ်။ ဒီပွဲပြီးရင် လီဗာပူးလ်၊ အက်စတွန်ဗီလာတို့နဲ့ ကန်ရမှာ ဖြစ်တာကြောင့် ရာသီဝက်မပြီးဆုံးခင်မှာ ဇယားအောက်ဆုံးကနေ ရုန်းထွက်ပြဖို့ အမှတ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဖူဟမ်အသင်း ဘော်ဒီကြေး တစ်လုံး ငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ကိုးဆယ်ရှုံး ဖြစ်ပါတယ်။ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်ထားတဲ့ ဖူဟမ် အမှတ်ခွဲပေးလို့ ရတဲ့ အနေအထားဖြစ်ပါတယ်။အမှတ်ပေး ဇယားအောက်ဆုံးကနေ ရုန်းထွက်ပြဖို့ အမှတ်လိုအပ်ချက်ရှိနေတဲ့ ဘန်လေအသင်းကို သရေ ပေးချင်တာကြောင့် အဝေးကွင်း ဘန်လေကို ရွေးချယ်ထားချင်ပါတယ် ။

လူတန် Vs နယူးကာဆယ်

နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲတွေ့ထားပေမဲ့ လူတန်တောင်းအသင်း အိမ်ကွင်းကစားပုံနဲ့ ခြေစွမ်းကတော့ ကောင်းပါတယ်။ နယူးကာဆယ်အသင်း အဝေးကွင်း ရှစ်ပွဲမှာ တစ်ပွဲတည်းသာ နိုင်ပွဲရထားတာ ဖြစ်ပြီး အဝေးကွင်း ညံ့တာ သိသာပါတယ်။ ကြားရက်မှာလည်း ချဲလ်ဆီးအသင်းနဲ့ ဖလားပွဲကစားခဲ့ရသလို ဒဏ်ရာရ ကစားသမားတွေ များနေတဲ့အတွက် ကစားသမားတွေ ပွဲဆက်များပြီး ပွဲပန်းနေနိုင်ပါတယ။ အဝေးကွင်းနယူးကာဆယ်အသင်း တစ်လုံး သုံးဆယ်စားပေါက်ကြေးအနေအထားမှာ နယူးကာဆယ်တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်သလို သရေကျသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ နယူးကာဆယ် နှစ်ဂိုးပြတ်အနိုင်ရဖို့ မလွယ်သလို ဂိုးတွေ အများကြီးလည်း မြင်ရဖို့ မရှိနိုင်တာကြောင့် အိမ်ရှင်လူတန်တောင်းနဲ့ ဂိုးအောက်ကို တွဲပြီး ရွေးချယ်ထားချင်ပါတယ်။

နော်တင်ဟန် ဖောရက် Vs ဘုန်းမောက်

နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲရှုံးခဲ့ပြီး သရေပွဲတစ်ပွဲနဲ့ တစ်မှတ်သာရယူနိုင်ခဲ့တဲ့ နော်တင်ဟန်ဖောရက် နည်းပြ အပြောင်းအလဲ လုပ်ထားတာတွေ့ရပါတယ်။ ပရီးမီးယား လိဂ် ဝါရင့်နည်းပြ ဖြစ်သလို စပါးနဲ့ ဝုဗ်တို့ကို နည်းပြ လုပ်ခဲ့ဖူးတဲ့ နူနိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ဘုန်း​မောက်ကတော့ ခြေစွမ်းအတက်ဘက်ရောက်နေသလို တိုက်စစ်ကဂိုးသွင်းအားလည်း ကောင်းနေတာဖြစ်ပါတယ်။ ဘုန်းမောက်က ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ဖြစ်ပါတယ်။ နည်းပြကြီး နူနိုဆန်းတို့စ်က ခံစစ်အသားပေးပြီး တိုက်ပြန်တိုက်စစ်နဲ့ ကစားတတ်တဲ့ နည်းပြဖြစ်လို့ ဒီပွဲမှာ ဂိုးပေါင်းကြေး ပျော့နေတာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်း ခြေစွမ်းကောင်းနေတာ မှန်ပေမဲ့ နည်းပြအသစ်ရဲ့ ပထမဆုံးပွဲမှာ ရုန်းအားပိုကောင်းလာမဲ့ အိမ်ရှင် နော်တင်ဟန်ဖောရက်ကို ရွေးချယ်ထားချင်ပါတယ်။

စပါး Vs အဲဗာတန်

ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် အနိုင်ရထားတဲ့ အဲဗာတန်နဲ့ အိမ်ကွင်းတိုက်စစ် အားသန်သလို ခြေစွမ်းကောင်းနေတဲ့ စပါးတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ စပါးမှာ တိုက်စစ်မှူးရစ်ချာလီဆန် ပြန်ကစားနိုင်ပြီဖြစ်ပေမဲ့ အဓိကကွင်းလယ်ကစားသမား ဘီဆူးမားနဲ့ ဘယ်စွန်ခံစစ်ကစားသမား ယူဒိုဂိုက် ပွဲပယ်ခံထားရပါတယ်။ စပါးအသင်းက ဘော်ဒီကြေး တစ်လုံး ငါးဆယ်စားပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ် အရှုံးဖြစ်ပါတယ်။ ကြေးဆက်တိုက်အောင်နေသလို လေးပွဲဆက်အနိုင်ရထားတဲ့ အဲဗာတန် ကြေးကျချိန်တန်နေပါပြီ။ အိမ်ရှင်စပါး အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမဲ့ အနေအထားကြောင့် စပါးကို ရွေးချယ်ထားချင်ပါတယ်။

လီဗာပူး Vs အာဆင်နယ်

အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံပွဲဖြစ်သလို စနေညရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး Big Match ပွဲစဉ်ဖြစ်ပါတယ်။ နှစ်သင်းလုံး ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားကြသလို ရာသီဝက် မကုန်ခင် အဆင့် ၁ နေရာ ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ရာသီဝက်ပြီးဆုံးချိန်မှာ အဆင့် ၁ နေရာ ရပ်တည်နိုင်မဲ့ အနေအထားဖြစ်ပါတယ်။ အိမ်ရှင်လီဗာပူးက ပြားနှစ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားဖြစ်ပါတယ်။ အဝေးကွင်း အာဆင်နယ်အသင်း အနေနဲ့ လီဗာပူးရဲ့ အန်းဖီးလ်ကွင်းမှာတော့ အနိုင်ရသွားဖို့ မလွယ်ကူတာ ဖြစ်ပါတယ်။ ပြားနှစ်ဆယ်ရင်းပြီး အိမ်ရှင်လီဗာပူးလ်ကို ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *