MT News
၁၉. ၁၂. ၂၀၂၃

မန်ယူနဲ့ နယူးကာဆယ်တို့ ယူရိုပါလိဂ်တောင်မကပ်နိုင်ဘဲ ထွက်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဥ် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဥ်တွေမှာ ပေါ်တိုနဲ့ အာဆင်နယ်၊ နာပိုလီနဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ရီးရဲ ဆိုစီဒက်၊အင်တာမီလန်နဲ့ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဗွီနဲ့ ဒေါ့မွန်၊ လာဇီယိုနဲ့ ဘိုင်ယန်မြူးနစ်၊ လိုက်ပ်ဇစ်နဲ့ ရီးရဲမက်ဒရစ်တို့ တွေ့ဆုံနေသလို လက်ရှိချန်ပီယံမန်စီးတီးက ကိုပင်ဟေဂင်နဲ့ ပထမအကျော့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာပါ။

ရှုံးထွက် အဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့ကို ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်၊ ၂၀ နဲ့ ၂၁ ရက်တွေမှာ ကစားသွားမှာ ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၅ ရက် ၆ ရက်နဲ့ ၁၂ ရက် ၁၃ ရက်တွေမှာ ယှဥ်ပြိုင်သွားမှာဖြစ်ပြီး ဒီ ၁၆ သင်းအဆင့်ကို ဘယ်အသင်းတွေကျော်ဖြတ်ပြီး ဘယ်သူတွေက ကွာတားဖိုင်နယ်တက်သွားမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *