၁၆. ၁၂. ၂၀၂၃
Written by MMAK

◾ ဘုန်းမောက် Vs လူတန်

နောက်ဆုံး ငါးပွဲမှာ တစ်ပွဲသရေ လေးပွဲအထိ အနိုင်ရခဲ့သလို တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားတဲ့ ဘုန်းမောက် ခြေစွမ်းအတက်ဘက် ရောက်နေတာ ဖြစ်ပါတယ်။ လူတန်တောင်းက နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပေမဲ့ ရုန်းအားကောင်းနေတာ တွေ့ရပါတယ်။ ဘုန်းမောက်အသင်း ဘော်ဒီကြေး တစ်လုံး လေးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်စား ပေါက်ကြေးမို့ ဘော်ဒီကြေး ပြင်းရှနေတာ ဖြစ်ပါတယ်။ ကြေးဆက်တိုက် အောင်နေတဲ့ ဘုန်းမောက် ကြေးကျသွားမလားလို့ မစိုးရိမ်ပါနဲ့ အိမ်ကွင်းမှာ အမှတ်ရဖို့ အနိုင်ကန်မှာ ဖြစ်ပါတယ်။ လိုတာထက် ပိုပြီး​ကြေးပြင်းနေတဲ့ ဘုန်းမောက် အနိမ့်ဆုံး တစ်ဂိုးအသာနဲ့နိုင်မှာ ဖြစ်သလို နှစ်ကျပ်ကွက်ပါ အောင်သွားနိုင်ပါတယ်။ ဘုန်းမောက်အသင်းနဲ့ ဂိုးပေါ် ရွေးချယ်ထားချင်ပါတယ်။

ချဲလ်ဆီး Vs ရှက်ဖီး

ချဲလ်ဆီး ရှုံးပွဲဆက်နေခဲ့လို့ အမှတ်ပေး ဇယား အဆင့် ၁၂ ထိရောက်နေပါတယ်။ ဒါပေမဲ့ အဝေးကွင်း ခုနှစ်ပွဲမှာ တစ်ပွဲသာ သရေရခဲ့ပြီး ခြေက်ပွဲရှုံးထားတဲ့  ဇယားအောက်ဆုံးက ရှက်ဖီးကိုတော့ အနိုင်ရမှာ သေချာပါတယ်။ ရှက်ဖီးကိုမှ အိမ်ကွင်းမှာ အနိုင်မကန်နိုင်ရင် နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ဖို့အထိ တောင်းဆိုလာနိုင်လို့ ဒီပွဲ အနိုင်ရဖို့ သေချာပြင်ဆင်ထားမှာပါ။ ဘော်ဒီကြေး နှစ်လုံး ငါးဆယ်စား ဆိုတဲ့ ပေါက်ကြေးမှာ ချဲလ်ဆီး နှစ်ဂိုးပြတ် နိုင်မလားဆိုတာပဲ စဉ်စားရမှာဖြစ်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှာ အန်ကွန်ကူ ပြန်ပါလာနိုင်မှာဖြစ်လို့ အရင်ကထက် သွင်းဂိုးတွေ အဆုံးသတ်သေချာမှုတွေ မြင်တွေ့ရနိုင်ပါတယ်။ အနိမ့်ဆုံး နှစ်ဂိုးပြတ် အနိုင်ရမဲ့ ချဲလ်ဆီးအသင်းကို အပိုင်ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

မန်စီးတီး Vs ခရစ္စတယ်ပဲလေ့စ်

မန်စီးတီး ခုနှစ်ပွဲဆက် ကြေးကျထားသလို ခြေစွမ်းအကျဘက် ရောက်နေပြီး နိုင်ပွဲရဖို့  ခက်ခက်ခဲခဲ ရုန်းကန်နေရတာမျိုး တွေ့ရပါတယ်။ ပဲလေ့စ်လည်း ခြေစွမ်းအကျဘက် ရောက်နေပြီး ရှုံးပွဲတွေ ဆက်နေပါတယ်။ မန်စီးအသင်း ဘော်ဒီကြေး နှစ်လုံးသရေ ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်အရှုံးဆိုတဲ့ အနေအထားမှာ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတဘဲ ကွာဟနေတာ ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှာ ဟာလန်းနဲ့ ဒိုကူ ပါဝင်ဖို့ မ​သေချာသလို နောက်ပွဲစဉ်ဖြစ်တဲ့ Club World Cup ပွဲစဉ်တွေကို အာရုံရောက်နေနိုင်ပါတယ်။ ပိတ်ကစားမဲ့ ပဲလေ့စ်ကြောင့် မန်စီးတီး နိုင်ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ် ပေးချင်ပါတယ်။

နယူးကာဆယ် Vs ဖူဟမ်

နယူးကာဆယ် နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရသလို ယူရိုပါလိဂ်လည်း မကစားရတော့လို့ ပရီးမီယားလိဂ်ကို အာရုံစိုက်ကစားဖို့ပဲ ရှိပါတော့တယ်။ ဖူဟမ်ကတော့ အိမ်ကွင်းနောက်ဆုံး နှစ်ပွဲလုံးကို ငါးဂိုးပြတ်အနိုင်ရထားတာ တွေ့ရသလို နောက်ဆုံးငါးပွဲဆက် ဂိုးသွင်းထားနိုင်ပြီး ဂိုးပေါ် ကစားထားတာ ဖြစ်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ နယူးကာဆယ် သရေအရှုံး ပေးထားတဲ့ ပေါက်ကြေးဟာ ပျော့ပြောင်းနေတာမျိုး တွေ့ရပါတယ်။ ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားဆိုတဲ့ အနေအထားမှာ ဂိုးသွင်းခြေတွေ့နေတဲ့ ဖူဟမ်ဂိုးရလိမ့်မယ် ထင်ပါတယ်။ ချန်ပီလိဂ်ပွဲစဉ်ကို အားသွန်ခွန်စိုက်ကစားခဲ့ရတဲ့ နယူးကာဆယ် ပွဲပန်းနေသလို ပေါက်ကြေးပျော့နေတဲ့အနေအထားကြောင့် သရေလောက်နဲ့သာ ပွဲပြီးသွားမယ်ထင်ပါတယ်။ အဝေးကွင်း ဖူဟမ်ကို ရွေးချယ်ထားချင်ပါတယ်။

ဘန်လေ Vs အဲဗာတန်

ဆယ်မှတ်လျှော့ခံရပြီးနောက်မှာ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ကို အနိုင်ကန်ထားတဲ့ အဲဗာတန်ရဲ့ ရုန်းအားကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကွန်ပနီရဲ့ ဘန်လေအသင်းကတော့ တွေ့တဲ့အသင်းတိုင်းကို တိုက်စစ်ဖွင့်ကစားတတ်ပြီး သွင်းဂိုးတွေ ရယူနိုင်ဖို့ ကြိုးစားသလို ပေးဂိုးတွေလည်း ခွင့်ပြုတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဘန်လေအသင်း တိုက်စစ်ဖွင့်ကစားမှာ ဖြစ်လို့ ဂိုးရနိုင်သလို သွင်းဂိုးလည်း ပြန်ပေးရမှာပါ။ တိုက်စစ် ဖွင့်ကစားမဲ့ နှစ်​သင်းဖြစ်လို့ သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ မြင်ရဖို့ရှိလို့ နောက်တစ်ဂိုးဘယ်အသင်းသွင်းသွင်း ဂိုးပေါ်မှာ ဖြစ်တဲ့အတွက် ဂိုးပေါင်း အပေါ် တစ်မျိုးတည်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဆီးဗီးလား Vs ဂီတာဖေး

ဆီးဗီးလား ခြေစွမ်းကျဆင်းနေသလို ချန်ပီယံလိဂ်ပွဲစဉ် ကစားခဲ့ရလို့ ပွဲပန်းနေပါတယ်။ ဂီတာဖေးကတော့ ခြေစွမ်း​ကောင်းနေသလို တိုက်စစ် ခံစစ် မျှတတဲ့အသင်းမျိုးဖြစ်ပါတယ်။ အိမ်ရှင်ဆီးဗီးလား ဘော်ဒီကြေး ပြားရှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ် အရှုံးဖြစ်ပါတယ်။ ပွဲပန်းနေတဲ့ ဆီးဗီးလား သွင်းဂိုးတွေ အများကြီး သွင်းနိုင်မယ် မထင်ပါဘူး။ သွင်းဂိုး တစ်ဂိုးရရင် ရတဲ့ ဂိုးကို ထိန်းမှာ ဖြစ်သလို ဂီတာဖေး ဂိုးစပြီး ရခဲ့ရင်လည်း ပိတ်ကစားမှာ ဖြစ်ပါတယ်။ ဂိုးရနောက်ကျနိုင်သလို ဂိုးရတဲ့အသင်းက ပိတ်ကစားမဲ့ အနေအထားမှာ နှစ်သင်းပေါင်း သုံးဂိုး မရောက်နိုင်ပါဘူး။ အလွန်ဆုံး နှစ်ဂိုးလောက်သာ ရောက်နိုင်လို့ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ထားချင်ပါတယ်။

မိန့်စ် Vs ဟိုက်ဒမ်ဟိမ်း

ဒီပွဲစဉ်မှာတော့ ဘွတ်ကီဖော်လိုနဲ့ ပေါက်ကြေးအရ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲ မရှိခဲ့ဘဲ ဇယားအောက်ဆုံးနားမှာ ရပ်တည်နေတဲ့ မိန့်အသင်းက သူ့အထက်ကအသင်းကို တစ်လုံး သုံးဆယ်စား ပေးထားတာ ဖြစ်ပါတယ်။ မိန့်အသင်း နိုင်ပွဲပျောက်နေသလို နောက်ပွဲတွေမှာလည်း အသင်းကြီးတွေနဲ့ ပွဲကြပ်တွေ ကန်ရမဲ့အနေအထားကြောင့် ဒီပွဲမှာသေချာပေါက်အနိုင်ရပြီလို့ ဘွတ်ကီတွေ ယူဆထားတာ ဖြစ်ပါတယ်။ တန်းတက်ဟိုက်ဒမ်ဟိမ်းအသင်း အဝေးကွင်း နိုင်ပွဲလုံးဝမရသေးသလို သရေတစ်ပွဲရထားပြီး ကျန်တဲ့ပွဲတွေ အကုန်ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဘွတ်ကီဖော်လိုနဲ့ ပေါက်ကြေးအရ အိမ်ရှင်မိန့်အသင်းကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *