၁၃.၁၂.၂၀၂၃

Written By Thandar

နာမည်ကြီးအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်‌တွေရသစုံ ခံစားရမယ့် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားကို ကျွန်တော့်အနေနဲ့ ၅၂၈ မေတ္တာ၊ ၁၅၀၀ အချစ်ကို ဟာသ Drama နဲ့ Action ရောပြီး ပရိသတ်တွေအတွက် ရသပေါင်းစုံခံစားစေရအောင် ဖန်တီးထားပါတယ်။ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းထိမလားဆိုတော့ ရုံတင်ရင် သိရမှာပါ။ အနုပညာရှင်တွေ အင်အားမြိုင်မြိုင်ဆိုင်ဆိုင်သုံးထားတဲ့ ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ ဇာတ်ကားမပြခင် Trailer ရဲ့ စကားလုံးတွေ ပရိသတ်ကြားပေါက်တယ် အသံပြန်ကြားလို့လည်း ပီတိဖြစ်ပါတယ် “လို့ ဒါရိုက်တာ စိုးမိုးမင်းက MTNEWS Entertainment ကို ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်းသက်ဦးမောင်က ရေးသားပြီး ဒါရိုက်တာ စိုးမိုးမင်း၊ Art Director နေသူရိန် အပြင် DOP ထွဋ်တင့်ထွန်းတို့ ဖန်တီးထားပြီးသရုပ်ဆောင် နေဝင်း၊ ကောင်းမြတ်စံ၊ ထက်အောင်ရှိုင်း၊ မင်းဘုန်းမြတ်၊ တေဇလင်းရောင်၊ မေမြင့်မိုရ်၊ ဝေလာရီ၊ ထွန်းပုလဲရတနာ၊ ဥသြသံသာ၊ လှနုထွန်း၊ နေဆန်း၊ မင်းသူ၊ ညီဂျော် စတဲ့အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားကြတာလည်း ဖြစ်ပါတယ်။

စာရိတ္တရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *