၁၃. ၁၂. ၂၀၂၃
Written by Nay Moe

PDF တွေ ဆိုင်ကယ်စစ်တာကို လက်မခံတဲ့ ဒုရဲအုပ်ကို ပစ်သတ်လိုက်တယ်လို့ NUG ဩဇာခံ NPDF အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နွားထိုးကြီး – မြို့သာလမ်းပိုင်းကို ဒီဇင်ဘာ ၁၁ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း(NPDF) က PDF တွေ ပြည်သူတွေကို တားဆီးစစ်ဆေးနေချိန်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတစ်ဦးကို ရပ်တန့်ခိုင်းနေချိန် စစ်ဆေးမခံလို့ ပစ်ခတ်သတ်ဖြတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

NPDF က ပစ်သတ်လိုက်သူဟာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် ကျော်ဆန်းဝင်းဆိုသူဖြစ်ပြီး ဆိုင်ကယ်အတွင်းက စာရွက်စာတန်းတချို့နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းခဲ့တယ်လို့ Natogyi People Defense Force – မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းက ဆဲဆိုထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *