၁၂. ၁၂. ၂၀၂၃

Written by Nay Aung

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လာမည့် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ ခရီးမသွားသင့်သော နိုင်ငံပေါင်း ၂၁ နိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ် ပေါများသောနိုင်ငံဖြစ်သော်လည်း လက်ရှိအချိန်တွင် ဘေးကင်းလုံခြုံမှုများနှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာစဉ်းစားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နိုင်ငံသားများ ခရီးမသွားသင့်သောနိုင်ငံများစာရင်းကို ၂၀၂၃ ခုနှစ်ဇူလိုင်လကလည်း ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါနိုင်ငံများနှင့်ပတ်သက်ပြီး အပြောင်းအလဲလုပ် ထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံသည်လက်ရှိအချိန်တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ်များ ကောင်း မွန်မှုမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားရောက်မသင့်သော ‘Level 4: Do Not Travel’ အဆင့်သတ်မှတ်ထားသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံနှင့်အတူ ရုရှား၊ ဘီလာရုစ့်တို့လည်း ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ခရီးမသွားသင့်သောနိုင်ငံပေါင်း ၂၁ နိုင်ငံစာရင်းထဲတွင် ယူကရိန်း၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ မြောက်ကိုရီးယား၊ နိုင်ဂျာ၊ ဆိုမာလီယာ၊ ယီမင်၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာကီနာဖာဆို၊ တောင်ဆူဒန်၊ ဆီးရီးယားနိုင်ငံတို့လည်း ပါဝင်နေကြောင်း သိရသည်။

Ref;traveloffpath

Leave a Reply

Your email address will not be published. Required fields are marked *