၉. ၁၂. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဆန်နာမန်းအရပ်ဒေသတွင် နေထိုင်နေသည့် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးသည် ယာမာဟာ အမှတ်တံဆိပ်ပါသော ဆိုင်ကယ်ကို အရှိန်မြှင့်မောင်းနှင်လာခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေး သစ်ပင်ကို ဝင်တိုက်ခဲ့ပြီးဝမ်းဗိုက်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းထိုင်း ဒွိုင်စကတ် ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကယ်တိမ်းမှောက်မှုသည် ချင်းမိုင်ပြည်နယ် အမှတ် ၃ ရင်းလမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသွားရောက်စစ်ဆေးချိန်တွင် ဆိုင်ကယ်သည် ဆိုးရွားစွာပျက်စီးနေပြီး လမ်းဘေးတွင်လူတစ်ဦးလဲကျသေဆုံးနေခြင်းကို တွေ့မြင်ခဲ့ကြောင်း ဒွိုင်စကတ် ရဲစခန်း တာဝန်ရှိသူများကပြောသည်။

သေဆုံးသူသည် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဆာဖာ ဆိုသူဖြစ်ကြောင်း၊ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် ဆိုင်ကယ်ကို အရှိန်မြှင့်မောင်းနှင်လာခဲ့ပြီး အခင်းဖြစ်နေရာရောက်ရှိချိန်တွင် ဆိုင်ကယ် ဘရိတ် မမိတော့ဘဲ လမ်းဘေးသစ်ပင် ဝင်တိုက်ကာ သေဆုံးသွားခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

သေဆုံးနေသည့် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ဒွိုင်စကတ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ရိုးရာအစဉ်အလာတိုင်း အသုဘအခမ်းအနား ကျင်းပပေးသွားမည်ဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသားသည် အက်ဆီးဒန့်ဖြစ်ရပ်ကြောင့် ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ မူခင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။

Ref; thairath

Leave a Reply

Your email address will not be published. Required fields are marked *