MT News

ဂျပန်နိုင်ငံရှိ Ministry of Education, Culture, Sports, Science and Technology (Mobnbukagakusho: MEXT) မှ “Young Leaders’ Program (YLP)” အစီအစဉ်ဖြင့် Master of Business Administration (MBA) တစ်နှစ် ပညာသင်ဆု အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားနိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် ဖိတ်ခေါ်ထားသည်။

ဂျပန်နှင့် အာရှနိုင်ငံများ အကြား မူဝါဒရေးရာ စီစဉ်ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်၊ အနာဂတ်ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်၊ ဂျပန် နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ထားသော အဆိုပါသင်တန်းအား ပညာသင်ဆုဖြင့် တက်ရောက်ခွင့်ရပါက Monthly Allowance, Education Fees နှင့် Travelling Cost တို့ကို ပညာသင်ဆုအစီအစဉ်မှ ခံစားခွင့်ရရှိမည်ဖြစ်သည်။

ပညာသင်ဆု နှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို Website: https://bit.ly/3RrnlcB တွင် ဝင်ရောက်လေ့လာနိုင်ပြီး ကုန်သည်စက်မှုအသင်းချုပ် နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်မည် ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်လျှောက်လွှာ၊ UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ၊ UMFCCI အသင်းဝင်ကဒ် (အနည်းဆုံးသက်တမ်း ၁နှစ်) ရှိ မိတ္တူ၊ ပညာသင်ဆု လျှောက်လွှာမူရင်း နှင့် မိတ္တူ (၁) စုံတို့ဖြင့် အောက်တိုဘာ ၇ ရက် နောက်ဆုံးလျှောက်ထားနိုင်ပြီး ကုန်သည်စက်မှုအသင်းချုပ် HRD ဌာနသို့ လာရောက် လျှောက်ထားနိုင်ကာ UMFCCI HRD ဌာန ၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~၄၉၊ Ext: ၁၃၃၊ ၁၃၄ နှင့် ၀၁-၂၃၀၂၄၈၅ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News