Written by Tha Doe

မြန်မာနိုင်ငံပြင်ပ Taiwan အနီး အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပြည်တွင်း၌ အင်အားနည်းငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ၈ နာရီ၊ ၁၁ မိနစ်၊ ၂၀ စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် ၁၃၉၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ Taiwan မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၂၁.၃၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည ၁၂ နာရီ ၃၃ မိနစ် ၃၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၆ မိုင်ခန့်ကွာဝေးသော ဓနုဖြူမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာမြောက်လတ္တီတွဒ် ၁၇.၂၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားနည်းမြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News