MT News
၅. ၁၂. ၂၀၂၃

ပန်းဆန်ဘုန်းကြီးကျောင်းကို PDF များက စိန်ပြောင်းဗုံးသီးဖြင့်ပစ်၍ အမျိုးသားကြီးတစ်ဦး၏လည်ပင်း ဗုံးသီးစထိမှန်ဒဏ်ရာရရှိမှုဖြစ်ပွားကာ မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁ နာရီတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန်ဒဏ်ရာ ရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ပန်းဆန်ကျေးရွာနေ ဦးမောင်လှ (၆၂)နှစ်တွင် လည်ပင်း၌ ဗုံးသီးစထိဒဏ်ရာတစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နိုဝင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီခွဲတွင် ပန်းဆန်ကျေးရွာဘုန်းကြီးကျောင်း၌ ရှိနေစဉ်ဘုန်းကြီးကျောင်းဝင်းအတွင်းသိို့ PDF များ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြင်းထန်သောဗုံးသီးစထိမှန်ဒဏ်ရာကို မန္တလေးဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ထို့နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့အတွင်းသို့ PDF များက Drone ဖြင့် Drops Bomb များ ရမ်းသန်းပစ်ချတိုက်ခိုက်ခဲ့ရာ မြောက်ရပ်ကွက်အတွင်းရှိ ကားလမ်းပေါ်သို့ Drops Bomb နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး‌ ပေါက်ကွဲမှုကြောင့် မြောက်ရပ်ကွက်နေ အခြေခံပညာအထက်တန်းကျောင်း(မြောင်)မှ အထက်တန်းပြဆရာမ ဒေါ်ခင်စန်းတင့်(၅၉)နှစ်တွင် ယာပေါင်၌ ဗုံးသီးစထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် မြောင်မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *