၂၉. ၁၁. ၂၀၂၃

Written by Nay Moe

ကျိုက်ထိုမြေစာရင်းရုံးကို PDF တွေ ပစ်ခတ်မှုမှာ နေ့စားဝန်ထမ်းတစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြေစာရင်းရုံးမှာ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Delta News Agency အပါအဝင် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားဖြန့်ဝေနေတာဖြစ်ပြီး ဒီဖြစ်စဥ်က မှားယွင်းနေတယ်လို့ SAC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်အမှန်က အမည်မသိအကြမ်းဖက်သောင်းကျန်းသူ၂ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ မြေစာရင်းရုံးရှေ့ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးနဲ့ ပစ်ပေါက်ထွက်ပြေး သွားခဲ့တာဖြစ်ပါတယ်။ ဒီ ပစ်ခတ်မှုကြောင့် ရုံးအတွင်းရောက်ရှိနေတဲ့ နေ့စားဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *