၂၉.၁၁. ၂၀၂၃

Written by Zaw Moe

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ထောင် ၁၀ နှစ် ချလိုက်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က MT News သို့ အတည်ပြုဖြေကြားသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား အလုံမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် ၂၀၅/၂၀၂၃ နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅- က အရ ယနေ့တွင် ထောင်ဒဏ် ၃ နှစ်ကို အလုံခရိုင်တရားရုံးမှ ချမှတ်ခဲ့သလို ရာဇဝတ်ကြီးမှုအမှတ် ၉၇/၂၀၂၃ နှင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ ထောင်ဒဏ် ၇ နှစ်အသီးသီးချမှတ်ခဲ့ပြီး စုစုပေါင်း ထောင် ၁၀ နှစ် ချခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *