၃၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ရှိ စာသင် ကျောင်းနှင့် ဆေးရုံကို ယနေ့တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က အသိပေး ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို ယနေ့ နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်သွား‌ကြောင်း ဒေသခံပြည်သူများက ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ စစ်ကိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့ကို PDF များက နိုဝင်ဘာ ၂၈ ရက်၊ နိုဝင်ဘာ ၂၉ ရက်တို့တွင် အကြမ်း ဖက်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံးမှု များပြားစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် တန့်ဆည်မြို့ပေါ်နှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိကြောင်း၊ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်းကို တန့်ဆည်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရကြောင်း ထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is 406237466_122139636632030934_5936985660029743840_n.jpg

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၌ တပ်မတော်မှ ကျွဲ၊ နွားများ၊ အိမ်ထောင် ပရိဘောဂများ အပါအဝင် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား ဖြုတ်ယူရောင်းစားနေကြောင်း၊ လျှပ်စစ်မီးကြိုးများ မရှိသလောက်ဖြစ်နေပြီး ကျေးရွာအတွင်း မီးလင်းခြင်း မတွေ့ရတော့ကြောင်း စသည်ဖြင့် ဒေသခံများထံမှ သိရှိရသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပေးဝေသည့် လျှပ်စစ်မီးကြိုး နေရာအချို့ ပြတ်တောက်ခဲ့၍ မီးမရရှိသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မူးမြို့ နယ်ရှိ ကျေးရွာများကို နိုဝင်ဘာ ၂၇ ရက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဆိုခြင်းမှာလည်း သတင်းအမှားသာဖြစ်ပြီး အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် လက်နက် ကြီးကျည်များ ကျရောက်ခဲ့၍ ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သာသနိကအဆောက်အဦအချို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *