MT News

၃၀. ၁၁. ၂၀၂၃

လာမယ့် ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပမယ့် ဘူဆန်ကမ္ဘာ့မိတ်ဖက် ဖိုရမ် (Busan Global Partnership Forum) ကို ကျင်းပသွားမှာဖြစ်ပြီး အဲဒီဖိုရမ်ကို မြန်မာအစိုးရ တက်ရောက်ဖို့ Global Partnership For Effective Development Coorepation နဲ့ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

NUG ကို အသိအမှတ်မပြုဘဲ SAC အစိုးရကိုပဲ ဖိတ်ကြားခဲ့တဲ့ Busan Global Partnership Forum ဆိုတာဟာ အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ပါဝင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်တာတွေကို ဆွေးနွေးလေ့ရှိတဲ့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက အမည်မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၇၂ ဖွဲ့အပါအဝင် အဖွဲ့အစည်းပေါင်း ၆၆၀ ကျော်ကတော့ SAC အစိုးရထံ ဒီဖိတ်ကြားမှုကို ပယ်ဖျက်ပြီး NUG ကို ဖိတ်ကြားဖို့ နိုဝင်ဘာ ၂၉ ရက်မှာ လက်မှတ်ရေးထိုးတောင်းဆိုခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *