၃၀. ၁၁. ၂၀၂၃

Written by Nay Moe

ကောလင်းခရိုင်၊ ကောလင်းမြို့ကို NUG၊ KIA နဲ့ PDF တွေ တိုက်ခိုက်သိမ်းပိုက်အပြီးမှာ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖောက်လုယက်ပြီး ကျပ် ၄၅ ဘီလျံခန့်ကို (ကျပ်သန်းပေါင်း ၄၄,၅၁၈.၂၉၇) ကို လုယက် သိမ်းယူထားတာမှန်ကန်တယ်လို့ NUG က အခုညမှာ ဝန်ခံ ကြေညာပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ SAC ဥက္ကဋ္ဌက NUG နဲ့ PDF တွေဟာ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကို ဖျက်ဆီးပြီး ကျပ် ဘီလျံ ၄၀ လုယက်သွားတယ်လို့ ပြောပြီးချိန်မှာ ဒီလုယက်မှုကို ထိမ်ချန်ထားတဲ့ NUG ဟာ ဖုံးကွယ်မရ​တော့လို့ သူတို့လုယက်ခဲ့တာ ကျပ် ၄၅ ဘီလျံနီးပါးရှိတယ်လို့ ဒီနေ့ နိုဝင်ဘာ ၃၀ မှာ ဝန်ခံချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။

PDF တွေဟာ ငွေရလွယ်တဲ့ ဘဏ်တွေကို ဦးတည် တိုက်ခိုက်နေလို့ ပုဂ္ဂလိကဘဏ်တွေကို ရဲလုံခြုံရေးနဲ့ အရေးကြီးဘဏ်တွေကို စစ်တပ်ကလုံခြုံ‌ရေး ဆောင်ရွက်နေရတယ်လို့လည်း SAC ဥက္ကဋ္ဌက ​ပြောပါတယ်။

NUG ဟာ ဒီကျပ် ၄၅ ဘီလျံခန့်ကို ထွန်းကော်မာရှယ်ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေကနေ လုယက်ခဲ့တာဖြစ်ပြီး ကောလင်းမြန်မာ့စီးပွားရေးဘဏ်ကနေလည်း ကျပ် ၉၅၂ သန်းကျော် လုယက်ထားပြီး ထိန်းသိမ်းတယ်အမည်တပ် တစ်ချိန်ပြန်ပေးမယ်ပြောပေမဲ့လည်း ဘယ်သူကမှတော့ မယုံကြည်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *