၃၀. ၁၁. ၂၀၂၃
Written by Pan Ei

ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Meta၊ X (အရင် Twitter)၊ TikTok၊ Snap နဲ့ Discord တို့ရဲ့အမှုဆောင်အရာရှိချုပ်(စီအီးအို) တွေဟာ လာမယ့် ဇန်နဝါရီ ၃၁ ရက် အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ အွန်လိုင်းကနေ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအပေါ် ကြားနာမှုမှာ သက်သေခံကြမှာဖြစ်တယ်လို့ အထက် လွှတ်တော် တရားစီရင်ရေးကော်မတီက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၉ရက်) မှာ ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Dick Durbin က Discord နဲ့ X တို့ဟာ သက်သေခံရာမှာ ပါဝင်ဖို့ကို အစပိုင်းက ငြင်းဆန်ခဲ့ပြီး ဆင့်ခေါ်စာကို လက်ခံဖို့လည်း ငြင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ကာ “အခုတော့ ကုမ္ပဏီငါးခုစလုံး ပူးပေါင်းဆောင်ရွက်နေပြီး သူတို့ရဲ့ စီအီးအိုတွေဆီက ကြားနာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ပိုင် ဗီဒီယိုအတိုလေးတွေ မျှဝေတဲ့ အက်ပ်ကုမ္ပဏီ TikTok ရဲ့ စီအီးအို Shou Zi Chew ဟာ ပြီးခဲ့တဲ့ မတ်လက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အချက်တွေအပါအဝင် ပြင်းထန်တဲ့မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အချိန်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအနေနဲ့ အမေရိကန်လွှတ်တော်အမတ်တွေရှေ့မှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာဦးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် Facebook နဲ့ Instagram ကို ပိုင်ဆိုင်တဲ့ Meta ရဲ့ စီအီးအို မာ့ခ် ဇူကာဘက်၊ X စီအီးအို Linda Yaccarino၊ Snap စီအီးအို Evan Spiegel နဲ့ Discord စီအီးအို Jason Citron တို့က သက်သေခံသွားကြမှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *