ပုံစာ - တရားရင်ဆိုင်နေရစဉ်ကာလ က ဝင်းနှင့် ဇော်ကို တွေ့မြင်ရစဉ်

၃၀. ၁၁. ၂၀၂၃
Written by Peya

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်း က ပြစ်ဒဏ်လျှော့ပေးရေး ဆောင်ရွက်ပေးရန်နှင့် မိသားစုကို တွေ့ခွင့်ပေးရန် ၎င်းတို့၏ ရှေ့နေများကို အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခဝန်( Bang Kwang)၊ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်ကာ စတင်တရားစွဲဆိုခံရစဉ်ကပင် ကူညီပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေကြီး Nakhon Chomphuchat က မြန်မာစကားပြန်နှင့်အတူ နိုဝင်ဘာ ၂၉ ရက်တွင် အဆိုပါ အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဝင်းနှင့် ဇော်သည် ထိုင်းစကားကို ကျွမ်းကျင်စာပြောတတ်နေပြီး ပြဿနာကြီးကြီးမားမား မရှိကြဟုလည်း သိရပါသည်။ ၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် လွတ်ငြိမ်းချမ်း သာခွင့်ပေးမည့် လုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့၏ တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန် ၎င်းတို့၏ ရှေ့နေများကို မေတ္တာရပ်ခံခဲ့သည်ဟု သိရပါသည်။ “ဝင်းနှင့် ဇော်”သည် ၎င်းတို့၏ မိခင်များ၊ ညီအကိုမောင်နှမများနှင့် တွေ့ဆုံခွင့်ရရန်လည်း မေတ္တာရပ်ခံခဲ့ပါသည်” ဟု ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အနေဖြင့် ပြီးခဲ့သည့်နှစ်က စတင်ကာ ရခိုင်ပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ၎င်းတို့ ၂ ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို မဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *