၂၈. ၁၁. ၂၀၂၃
Written by Nay Moe

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရဲစခန်းကို ဝက်လက်ပကဖဝင်တိုက်ပြီး ငွေသား၊ ဆိုင်ကယ်တွေနဲ့ လက်နက်ခဲယမ်းအများအပြား လုယက်နိုင်ခဲ့သလို စခန်းမှူးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG က အခု ထုတ်ပြန်လာပါတယ်။

တိုက်ခိုက်မှူက နိုဝင်ဘာ ၂၁ ရက်၊ နံနက် ၂ နာရီ ၁၅ မိနစ်ကနေ ၃ နာရီ ၄၀ ခန့်အထိ ကြာခဲ့ပြီး ရွှေပန်းကုံးကျေးရွာရဲစခန်းကို တိုက်တဲ့အဖွဲ့တွေက အမှတ် (၁) စစ်ဒေသ၊ အမှတ်(၂) ရွှေဘိုခရိုင်ကွပ်ကဲရေး ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အမှတ် (၁/၂/၃/၅) တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းနဲ့ ဝက်လက်မြို့နယ်(ပကဖ)တို့က အနီးကပ် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရာ ရဲတပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျော်နဲ့ ဒုရဲအုပ်အဆင့် ၂ ဦး အပါအဝင် အခြားအဆင့် ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG စစ်ရုံးချုပ်က ပြောပါတယ်။

ရွှေပန်းကုံးရဲစခန်းကနေ လုယက် သိမ်းယူခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေက BA-94 – (၃)လက်၊ MA-13 – (၃) လက်၊ BA-63 – (၁၆) လက် (၃ လက် ပျက်စီး)၊ BA-64 – (၁) လက်၊ 79 ဗုံးပစ်လောင်ချာ – (၁)လက်၊ ၁၂ ဗို့ ပြောင်းချော – (၂) လက်၊ ၃၈ ဗို့ ပြောင်းချော – (၁) လက်၊ ၃၈ ဗို့ ၆ လုံးပြူး – (၄) လက်၊ 7.62 (G3) ကျည် – (၅,၅၈၇) တောင့်၊ ၉ မမ ကျည် – (၇၀၀) တောင့်၊ ၃၈၀ ကျည် – (၆) တောင့်၊ ကိုးလုံးကျည် – (၈၉) တောင့်၊ ၃၈ ဗို့ ရာဘာကျည် – (၆) တောင့်၊ ၃၈ ဗို့ ဓာတ်ငွေ့ကျည် – (၁၈) တောင့်၊ လက်ပစ်ဗုံးသီး – (၁၂) လုံး၊ ရှေ့ထွက်မိုင်း – (၆) လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး – (၂၀) လုံး၊ G3 ကျည်ဘောက် – (၂၈) ခု၊ MA-13/BA-94 ကျည်ဘောက် – (၁၀) ခု၊ ကပ်သီး (ရှေ့ထွက်မိုင်းဖြုစ်) – (၆) ခု၊ လှံစွပ် – (၁၁) ခု၊ ဓား – (၂) လက်၊ လက်ထိပ် – (၇) ခု၊ Icon အစုံ – (၁၅) လုံး၊ Jammer – (၁) ခု၊ 4 Scope – (၁) ခု၊ ကျင်စက် – (၂) ခု၊ ဖုန်းမျိုးစုံ – (၁၂) လုံး၊ ငွေသား – (၉၀၈,၀၀၀) ကျပ်နဲ့ ဆိုင်ကယ် – (၉) စီး လုယက်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ PDF တစ်ယောက်သေပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း NUG ရဲ့ MOD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *