April 29, 2024

၂၈. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအရှိဆုံး အဆင့် ၆ တွင် ရပ်တည်လျက်ရှိနေပြီး ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့အထက်တွင်ရှိနေကြောင်း ဘာသာစကားအင်စတီကျူးရှင်းအဖွဲ့ဖြစ်သော EF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံဒေသပေါင်း ၁၁၃ နိုင်ငံမှ အရွယ်ရောက်ပြီးသား လူပေါင်း၂ ဒသမ ၂ သန်းကျော်ကို အင်္ဂလိပ်စာနှင့်ပတ်သက်ပြီး စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် အမှတ်ပေးကာ ၂၀၂၃ ခုနှစ်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်အညွှန်းကိန်း ကမ္ဘာ့အဆင့်သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံထဲတွင် ကာဂျစ္စတန်နိုင်ငံနှင့်အတူ အဆင့် ၉၀ နေရာရပ်တည်နေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-28_13-16-05-1024x766.jpg

မြန်မာနိုင်ငံ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်တန်း ရမှတ်သည် ၄၅၀ သာရှိခဲ့ပြီး အင်္ဂလိပ်စာနှင့်ပတ်သက်၍ Low proficiency နိုင်ငံအဖြစ်သာရှိနေခဲ့ကြောင်း သိရသည်။ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်အတန်းနှင့်ပတ်သက်ပြီး အာဆီယံဒေသတွင်းနိုင်ငံများအနက် စင်ကာပူနိုင်ငံသည် ကမ္ဘာအဆင့်တွင် အဆင့် ၂ နေရာ ရှိခဲ့သလို အာဆီယံနိုင်ငံများထဲတွင် အဆင့် ၁ နေရာ ရပ်တည်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အဆင့် ၂ နေရာရပ်တည်နိုင်ခဲ့သလို ကမ္ဘာအဆင့် ၂၀ တွင် ရှိနေခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် အဆင့် ၇ နေရာတွင်ရှိနေခဲ့သလို ကမ္ဘာ့အဆင့် ၉၈ နေရာ ရှိနေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ကမ္ဘာ့အဆင့်တွင် အဆင့် ၁၀၁ နေရာ ရှိနေခဲ့ပြီး အာဆီယံနိုင်ငံများထဲ အဆင့် ၈ နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံများအနက် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်အတန်းနှင့်ပတ်သက်ပြီး အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က အဆင့်လိုက်ရပ်တည်နေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-28_13-16-09-1024x487.jpg

အဆိုပါအဖွဲ့သည် အင်္ဂလိပ်စာက မိခင်ဘာသာစကား မဟုတ်သော နိုင်ငံများ၏ အင်္ဂလိပ်စာစွမ်းရည်ကို အဆင့်လေးဆင့်ခွဲပြီး အထူးကျွမ်းကျင်အဆင့် (Very high proficiency)၊ ကျွမ်းကျင်အဆင့် (High proficiency)၊ အလယ်အလတ် ကျွမ်းကျင်အဆင့် (Moderate proficiency)၊ ကျွမ်းကျင်မှုနိမ့်ကျသောအဆင့် (Low proficiency)နှင့် ကျွမ်းကျင်မှုအလွန်နိမ့်ကျသောအဆင့် (Very low proficiency) ဆိုကာ သတ်မှတ်ထားကြောင်း သိရသည်။

Ref; EF

Leave a Reply

Your email address will not be published. Required fields are marked *