MT News

Written by Nay Moe

ဘောလုံးအသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ မြန်မာလုပ်သားကိုဌေးလွင်ဦးကို ထိုင်းလူမိုက်များက ဓားဖြင့်ဝိုင်းဝန်းထိုးခုတ်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီမှ စက်တင်ဘာ ၁၇ ရက်တွင် သိရသည်။

”ထိုင်းလူမျိုးတစ်ဦးရဲ့  ခြေထောက်ကို စျေးဖွင့်ပွဲမှာ ကခုန်ရင်း မတော်တဆနင်းမိတာကို လက်အုပ်ချီ တောင်းပန်ခဲ့ပေမယ့် အိမ်အပြန် ထိုင်းလူမိုက်အုပ်စုက ဓားနဲ့ဝင်ခုတ်ဝင်ထိုးခဲ့တာပါ။ ဓားနဲ့ထိုး တဲ့ တရားခံတစ်ဦးကို ဖမ်းမိထားပြီး ကျန်တရားခံများ လွတ်မြောက်နေပါသေးတယ်။ အခင်းဖြစ်ပွားတာက နခွန်ပထုန်ခရိုင် စီဆန်ဖန် နယ်မြေ ကြာဆံရုံးအနီးမှာပါ” ဟု AAC မှ ကိုရဲမင်း၏ Facebook တွင် ဖော်ပြထားသည်။

ကိုဌေးလွင်ဦး၏ နာရေးကို စက်တင်ဘာ ၁၉ ရက်တွင် နခွန်ပထုန် ဝပ်စံဖစ်ထိုင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုလ်သွားမည်ဖြစ်ပြီး လက်ရှိတွင် လျော်ကြေး၊ နစ်နာကြေးများရရှိရန် ကြိုးပမ်းနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *