MT News

Written by Tha Doe

သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိ၍ Family Moe Paing Money Changer လိုင်စင်အား သုံးလဆိုင်းငံ့လိုက်ပြီး ဖွင့်လှစ်ထားသော ငွေရောင်းဝယ်ကောင်တာငါးခုအား ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁၇ ရက်တွင် အသိပေး ကြေညာထားသည်။

Family Moe Paing Co., Ltd ၏ Money Changer License အား သုံးလဆိုင်းငံ့ခြင်း ကြေညာချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၉-၈-၂၀၁၃) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-122/2013 ရရှိထားသည့် Family Moe Paing Co., Ltd (126 Money Changer) သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer လိုင်စင်အား (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့လိုက်သည်ဟု သိရသည်။

ထို့ကြောင့် (က) အမှတ်(၁၃၉) ၊ (၃၄) လမ်း မြေညီထပ် ၊ ကျောက်တံတားမြိုနယ် ၊ (ခ) အမှတ်(၁၂၆)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ (ဂ) အမှတ်(၁၀၈)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်ဗဟန်းမြို့နယ်၊ (ဃ) အမှတ်(၂၅/၂၇) တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဆရာစံရပ်ကွက် ၊ ဗဟန်းမြို့နယ် နှင့် (င) အမှတ်(၃၁၂/ခ)၊ အရှေ့ရွှေဂုံတိုင်လမ်း ၊ ငါးထပ်ကြီး (တောင်)ရပ်ကွက် ၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ (၅) ခု တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်းရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေးပါသည်ဟု ဗဟိုဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News