၂၃. ၁၁. ၂၀၂၃
Written by Nay Moe

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ‌ဆင်းမွတ်တောရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်းနဲ့ နယ်မြေဆင်းလာတဲ့ ရဲတပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ၄ ဦးကို သ-တ်-ဖြ-တ်ခဲ့တယ်လို့ NUG ဩဇာခံ အထူးကွန်မန်ဒိုတပ်ရင်း – တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်က PDF တွေ ကင်းပုန်းဝပ်ရာနေရာကို ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးတို့ ဆိုင်ကယ် ၃ စီးနဲ့ လက်နက်ကိုင်ဆောင် ဝင်ရောက်လာတဲ့အတွက် ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အလောင်း ၄ လောင်းရရှိကာ တစ်ဦးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး NUG လက်နက်ကိုင် PDF တွေရဲ့ ကင်းပုန်းဝပ်အဖွဲ့က ချောင်းပစ်တဲ့ တိုက်ပွဲအတွင်း တောင်ငူအမှတ်(၂)ရဲစခန်းက ဒုရဲအုပ်နေဝင်းထွန်းအပါအဝင် ၄ ဦး သေ-ဆုံးခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် G-3 သေနတ်(၂) လက်၊ AK-47 သေနတ်(၁)လက်၊ ခြောက်လုံးပြူးသေနတ်တစ်လက်၊ 7.62mm ကျည် (၉၀) တောင့်၊ G-3 ကျည် (၃၁) တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် (၁၅)တောင့် ကျည်ကာတစ်ထည် ၊ မှတ်ပုံတင်နဲ့ တပ်ဖွဲ့ဝင်ကတ် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး PDF ဘက်က ရိုးမ(၂)စစ်ကြောင်း PDF တစ်ယောက် နဖူးရှပ်ထိ(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပုံစာ။ အထူးကွန်မန်ဒိုတပ်ရင်း – တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသောပုံများကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *