၂၃. ၁၁. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ပါးစပ်အတွင်း သွားအရေအတွက် ၃၈ ချောင်းရှိတဲ့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။

ယေဘုယျအနေနဲ့ ပုံမှန်အရွယ်ရောက်ပြီးသူတစ်ယောက် ပါးစပ်အတွင်းရှိတဲ့ သွားအရေအတွက်ဟာ ၃၂ ချောင်းဖြစ်ပြီး ကယ်ပါနာ ဘာလန်လို့အမည်ရတဲ့ အိန္ဒိယအမျိုးသမီးကတော့ သူမရဲ့ ပါးစပ်အတွင်းမှာ သွား ၃၈ ချောင်းရှိနေတာကြောင့် ပုံမှန်ထက် သွား ၆ ချောင်း ပိုပေါက်နေတာဖြစ်ပြီး ပါးစပ်ထဲမှာ သွားအများဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ထုတ်ပြန်ခဲ့ပါတယ်။

ဘာလန်က သူမရဲ့ အောက်မေးရိုးမှာ အပို သွားလေးချောင်းနဲ့ မေးရိုးအပေါ်ဘက်မှာ သွားနှစ်ချောင်းအပိုပေါက်နေခြင်းဖြစ်ကာ သူမဆက်ကျော်သက်အရွယ်မှာ အပိုပေါက်နေတဲ့ သွားတွေက စတင်ကြီးထွားလာခဲ့ပြီး အစောပိုင်းကတည်းက ဖယ်ရှားပစ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သွားတွေကြီးလာတဲ့အထိ စောင့်ဖို့ ဆရာဝန်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဘာလန်က သွားအပိုတွေဟာ သူမကို နာကျင်စေမှုမဖြစ်စေတဲ့အတွက် သွားတွေကို မဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာလန်မှာ နောက်ထပ်ပေါက်နိုင်တဲ့ သွားနှစ်ချောင်းလည်းရှိနေသေးပြီး အနာဂတ်မှာ သူမစံချိန်ကို ချိုးဖျက်နိုင်သေးတယ်လို့ သွားဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *