၂၃. ၁၁. ၂၀၂၃
Written by KL

ရန်ကုန်တိုင်းဒသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ ကန်ဘဲ့ဘူတာရုံလမ်းတွင် ယနေ့ (နိုဝင်ဘာ ၂၃ရက်) နံနက် ၆ နာရီခွဲခန့်က 6.6 kV ဓာတ်ကြိုးပြတ်ကျရာမှ မီးလန့်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းတွင် အုတ်ညှပ်သွပ်မိုး တစ်ထပ်ရှိပစ္စည်းအဟောင်းများရောင်းချသော ဆိုင်ခန်း၏ အမိုးပေါ်သို့ 6.6kV ဓာတ်ကြိုးမှာ ရုတ်တရက် ပြတ်ကျရာမှ ဆိုင်အမိုးပေါ်ရှိ သစ်ရွက်ခြောက်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလန့်မှုတွင် အဆောက်အဦ၊ ပစ္စည်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ မီးလန့်မှုကို ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်၂စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးက သွားရောက် ရှင်းလင်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *