၂၃. ၁၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်ခရီးစဉ်အတွင်းမှာ ဗြိတိန်အစိုးရက ကေပေါ့ပ်နာမည်ကျော် အမျိုးသမီးအဆိုရှင်အဖွဲ့ Blackpink ကိုလည်း ဂုဏ်ပြုညစာစားပွဲကိုဖိတ်ကြားခဲ့ရုံသာမက ဗြိတိန်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု(MBE) ကိုလည်း Blackpink အဖွဲ့ဝင်တွေကို King Charles III ကိုယ်တိုင် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၂ ရက်) က ပေးအပ်ချီးမြှင်ခဲ့တယ်လို့ သိရပါတယ်။

Blackpink အဖွဲ့ဝင်တွေဟာ ဗြိတိန်အင်ပါယာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် MBE ဆုတံဆိပ်တွေကို ရရှိခဲ့တဲ့ ပထမဆုံးသော အာရှက အနုပညာရှင်တွေဖြစ်ပြီး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie၊ Jisoo၊ Lisa နဲ့ Rose တို့ဟာ ဆုတံဆိပ်တွေပေးအပ်နေချိန် ဗြိတိန်ဘုရင်နဲ့ ရယ်မောကာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-23_10-55-30.jpg

Blackpink ကို ၂၀၂၁ ခုနှစ်က Glasgow မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာထိပ်သီအစည်းအဝေးအတွက် အားပေးထောက်ခံသူအဖြစ် အသိအမှတ်ပြုခံရတာတွေနဲ့ လူထုအတွက် အကျိုးရှိတာတွေကို လက်ဆင့် ကမ်းဝေမျှပေးခဲ့တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ MBE ဆုကိုပေးအပ်ခဲ့ကြောင်း ဘာကင်ဟမ်နန်းတော်က ပြောကြားခဲ့ပါတယ်။

Blackpink အဖွဲ့ဝင်တွေဟာ ဂုဏ်ထူးဆောင် MBE ဆုကို ဗြိတိန်ဘုရင် ကိုယ်တိုင်ဆီက ပေးအပ်ချီးမြှင့်တာကို ခံခဲ့ရရုံသာမကဘဲ ဗြိတိန်ဘုရင်က မိန့်ခွန်းပြောကြားရာမှာလည်း အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ နာမည်တွေကို ထည့်သွင်းပြောကြားကာ ဂုဏ်ပြုခဲ့ပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *