April 29, 2024

၂၂.၁၁.၂၀၂၃
Written By Thandar

ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းက ဦးစီးကျင်းပမယ့် ၆ ကြိမ်မြောက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ Thailand Education Fair Myanmar 2023 ကို လာမယ့် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal Hotel မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

“မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တစ်နေရာတည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်က ပညာဆည်းပူးလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဘာသာရပ်ဆိုင်ရာ ပညာသင်ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ မိမိတို့ တက်ရောက်လိုတဲ့ ပညာရပ်တွေကို သေချာရွေးချယ်လေ့လာပြီး ပညာသင်ဆုဆိုင်ရာအခွင့် အရေးတွေကိုလည်း လျှောက်ခွင့်ရမယ့် အခွင့် အရေးတွေလည်း ရရှိမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ ကိုယ့်သားသမီးပညာရေးအတွက် အခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်”လို့ ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက ပြောပါတယ်။

အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲမှာ ထိုင်းနိုင်ငံရှိ တက္ကသိုလ် ၁၂ ကျောင်းနဲ့ တိုက်ရိုက် အခမဲ့ဆွေးနွေးခွင့်တွေ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ အဆိုပါ ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း Association of Myanmar Alumni from Universities in Thailand (AMAUT) ကို ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံကဘွဲ့ရခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်း သူတွေနဲ့ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့အသင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ လက် ရှိအသင်းမှာ အဖွဲ့ဝင်ထားတဲ့ ထိုင်းတက္ကသိုလ်အသီးသီးက ဘွဲ့ရမြန်မာ ကျောင်းသူ/ကျောင်းသား ၃၀၀ ကျော်ရှိနေပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News