၂၂. ၁၁. ၂၀၂၃
Written by Nay Moe

တိုက်လေယာဥ်ပျက်ကျပြီးနောက် ဖမ်းဆီးခံထားရသည့် လေယာဥ်မှူးကို အရေးယူမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

လေ့ကျင့်ပျံသန်းစဥ် ပျက်ကျခဲ့သည်ဟု ထုတ်ပြန်ထားသော လေတပ်မှ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် နိုဝင်ဘာ ၁၁ ရက်တွင် ပျက်ကျခဲ့သည်။ အဆိုပါ ပျက်ကျခဲ့သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး (၂) ဦးမှာ လွတ်မြောက်ခဲ့ပြီး ထိုအထဲမှ လေယာဉ်မှူး တစ်ဦးကို နိုဝင်ဘာ ၁၉ ရက်တွင် ကရင်လက်နက်ကိုင်များက ရှာဖွေဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခဲ့သည့် လေယာဉ်မှူးမှာ တောင်ငူလေတပ်မှ ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး တွဲဖက်လေယာဉ်မှူးဖြစ်သူ ဗိုလ်ဇာနည်မောင်မှာ လွတ်မြောက်နေဆဲဖြစ်ကာ ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *