၂၂.၁၁.၂၀၂၃
written by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်တွင် နိုဝင်ဘာ ၂၅ ရက်မှစ၍ နိုဝင်ဘာ ၂၇ ရက်အထိ ပဲခူးတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ၃ ရက်​ကြာကျင်းပမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါပွဲတော်တွင် ပဲခူးရွှေမော်ဓောစေတီတော်ရင်ပြင်တွင် ယက္ကန်းစင်(၅)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ စတု ဒိသာကျွေးမွေးခြင်း၊ ရွှေမော်ဓောစေတီတော်၏ယာဥ်ရပ်နားကွင်း၌ ဖျော်ဖြေ​​ရေးပွဲများအပြင် မီးပုံးလွှတ်တင်ခြင်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

မီးပုံးပျံလွှတ်တင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ စိန်နားပန် ၈ လုံး၊ ညမီးကြီး ၂ လုံး၊ မီးပုံးပျံအသေး ၁၅၀၀၊ နေ့အရုပ်မီးပုံးပျံ ၁၅လုံးတို့ လွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။

“ပုံမှန်အားဖြင့်တော့ ပဲခူးသူ၊ ပဲခူးသားတွေက နှစ်တိုင်း တန်ဆောင်တိုင်မှာ ရွှေမော်ဓောဘုရားကို ရောက်​ကြပါတယ်။ ဒီနှစ်က မီးပုံပျံပွဲတွေကော ဖျော်ဖြေရေးပွဲတွေပါ ပါမယ်ဆိုတော့ အရင်နှစ်တွေထက် ပိုစည်မယ်ထင်တယ်”ဟု ပဲခူးမြို့ခံ အမျိုး သမီးတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *