◾ နိုဝင်ဘာ ၂၂ ရက်တွင် ၄၈ နာရီကြာဆန္ဒပြမှု ထပ်မံပြုလုပ်မည်ဟု အတိုက်အခံပါတီပြော

၂၁. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် BNP ပါတီက ဦးဆောင်လျက် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအား လက်ရှိအစိုးရကပင် ဦးစီးပြုလုပ်မှုကိုဆန့်ကျင်သည့် ၄၈ နာရီကြာ နိုင်ငံအနှံ့ ဆန္ဒပြပွဲက နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

၄၈ နာရီကြာဆန္ဒပြပွဲအတွင်း BNP ပါတီနှင့် သဘောထားတူ အခြားအတိုက်အခံပါတီများက တစ်နိုင်ငံလုံးတွင် ကားလမ်း-ရထားလမ်း-ရေကြောင်းခရီးသွားလာမှုများ လုံးဝရပ်ဆိုင်းသွားစေရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် BNP ပါတီ၏ အဆင့်မြင့် ပူးတွဲအထွေထွေ အတွင်းရေးမှူး ရာဟူးလ် ကာဘာ ရစ်ဇ်ဗီက နောက်ထပ် ၄၈ နာရီကြာ တစ်နိုင်ငံလုံး ပိတ်ဆို့ဆန္ဒပြပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၆ နာရီ မှ နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၆ နာရီအထိ ထပ်မံပြုလုပ်သွားမည်ဟု နိုဝင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။

၎င်းက နိုဝင်ဘာ ၂၂ ရက်တွင်ပြုလုပ်မည့် ၄၈ နာရီကြာ တစ်နိုင်ငံလုံးပိတ်ဆို့ဆန္ဒပြပွဲက အောက်တိုဘာ ၃၁ ရက်မှစတင်ကာ အတိုက်အခံပါတီများကပြုလုပ်လာခဲ့သည့် ပိတ်ဆို့မှုဆန္ဒပြပွဲအစီအစဉ်၏ အဆင့်ခြောက်ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

ပိတ်ဆို့မှုဆန္ဒပြပွဲအစီအစဥ်က လက်ရှိအစိုးရပြုတ်ကျရန်၊ လာမည့်အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီများပါဝင်ခြင်းမရှိသည့် ကြားနေ ယာယီအစိုးရတစ်ရပ်က ဦးဆောင်ပြုလုပ်ရန်နှင့် BNP ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မာဇာ ဖက်ခရူလ် အစ္စလမ် အလမ်ဂါ အပါအဝင် ပါတီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန်တို့ အတွက်ဖြစ်ကြောင်း ရစ်ဇ်ဗီက ပြောခဲ့သည်။

အတိုက်အခံပါတီများ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ရန်စီစဉ်ခဲ့သော လူစုလူဝေးအား ဥပဒေစိုးမိုးရေးတပ်ဖွဲ့များက တိုက်ခိုက်ဖြိုခွဲမှုခံခဲ့ရပြီးနောက် အောက်တိုဘာ ၂၉ ရက်တွင်ပင် BNP ပါတီက နိုင်ငံအနှံ့ ပိတ်ဆို့ဆန္ဒပြပွဲများပြုလုပ်မည်ဟု ကြေညာကာ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ref : ; Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *