December 11, 2023

၂၁. ၁၁. ၂၀၂၃
Written By Thandar

အကယ်ဒမီ ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်း ရွှေဘုံသာဆိုင်ခွဲသစ်ဖွင့်ပွဲကို ဒီနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ အမှတ် ၁၂၇ မှာ ကျင်းပခဲ့ရာ ပြည်သူချစ် နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နေမင်း၊ မိုးဟေကိုနဲ့ ရွှေမှုံရတီတို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။

“အကယ်ဒမီ အခေါက်ရွှေဆိုင်ဖွင့်ပွဲပေါ့။ ရွှေတုံးလေး လုပ်တဲ့ လုပ်ငန်းပေါ့။ ရွှေချစ်သူ ပရိသတ်တွေအတွက် မိုး သိထားတာလေး ပြောပြပေးမှာပါ။ ဒီဆိုင်မှာက အခေါက်ရွှေကို ၄ ပဲကနေ စပြီး စုလို့လည်း ရတယ်။ ၄ ပဲဆိုတော့ ၈ သိန်းဝန်းကျင်ကနေ စုဆောင်းလို့ရပါတယ်။ လက်စွပ်ဆိုလည်း ၂ ပဲလောက် စလုပ် လို့ ရတယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ ရွှေလေးတွေကို ထပ်တိုးချင်တာပဲ ဖြစ်ဖြစ် ဖျက်ပြီးရောင်းချင်တာဖြစ်ဖြစ် လုပ်ဆောင်ပေးတယ်လို့ မိုးသိရတယ်။ ရွှေဆိုတာကတော့ ရှိတန်ဆာ မရှိဝမ်းဆာဆိုတဲ့အတိုင်းတော့ မိုးကတော့ စုဆောင်းဖြစ်ပါတယ်”လို့ သရုပ်ဆောင် မိုးဟေကိုက ပြောပါတယ်။

အဆိုပါ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ Promotion အစီအစဉ်တွေနဲ့ အစားအသောက်တွေကို တည်ခင်းဧည့်ခံထားသလို စိတ်လှုပ်ရှားဖွယ် အခေါက်ရွှေထည်တွေကို အလျော့တွက် လက်ခံမယူဘဲ ရောင်းချပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *