၁၉. ၁၁. ၂၀၂၃

Written by KL

အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၂)လမ်းတွင် နိုဝင်ဘာ ၁၈ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံးနှင့် စက်ဘီး ၁၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုမှာ ခြံငှား၍ဖွင့်လှစ်ထားသော စက်ဘီးများသိုလှောင်ထားသော တန်းလျား မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုကို စုံစမ်းစစ်ဆေးချက်များအရ ပြင်ဆင်ဆဲ ဘက္ကရီစက်ဘီး၏ 12 Volt ဘက္ကရီ တပ်ဆင်နေစဥ် ဝါယာကြိုးများမှ ပူးကပ်၍ ရှော့ဖြစ်ကာ မီးများထွက်ရာမှ အနီးရှိ မွေ့ယာနှင့် မှုတ်ဆေးဘူးများအပေါ်သို့ မီးပွားကျရောက်၍ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အုတ်ညှပ်၂ ထပ်နေအိမ်နှစ်လုံး၊ စက်ဘီးသိုလှောင်သည့်တန်းလျားတစ်လုံးနှင့် စက်ဘီး အစီး ၁၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဦးခိုင်လင်းဇော်(၃၂နှစ်)ကို အင်းစိန်မြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *