GZP (Mandalay) က သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော ရာအိမ်မှူးဦးထွန်းမြင့်အေးကို တွေ့ရစဥ်

MT News

Written by Min Mahar

မန္တလေးတွင် နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သော သံလျှက်မော်အနောက်ရပ်ကွက်၏ ရာအိမ်မှူး ဦးထွန်းမြင့်အေးအား Generation Z Power (GZP- Mandalay) ပြည်သူ့ကာကွယ်ရေးမြို့​​ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားသည့်ကြေညာချက်ကို ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်စာတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က SAC ခန့်ထားသော သံလျှက်မော်အနောက်ရပ်ကွက် ဒု-အုပ်ချုပ်ရေးမှူးရာထူးဖြင့် ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော ဦးထွန်းမြင့်အေး ဒလန်အား မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံ/နောက်၊ မင်းကုန်းရပ်ကွက်အတွင်းတွင် ကျွန်ုပ်တို့ Generation Z Power-GZP( Mandalay) ပြည်သူ့ကာကွယ်ရေးမြို့​​ပြပြောက်ကျားတပ်ဖွဲ့က နှုတ်ခမ်းနီ ၂ တောင့်ဖြင့် ဆောင်ရွက်ခဲ့သည်” ဟု စွပ်စွဲဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အနောက်ရပ်ကွက်၊ ၄၂ (H)လမ်း ၊ ၉၁ (c)လမ်း၊ သိန်းသန်းဝေ ခေါက်ဆွဲဆိုင်ရှေ့တွင် နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အကွက်အမှတ် (၃၇၄)၏ ရာအိမ်မှူးဆိုသူ အသက် (၅၇)နှစ်ဝန်းကျင်ခန့်ရှိသည့် ဦးထွန်းမြင့်အေးအား အမည်မသိလူငယ်အရွယ်အမျိုးသား၂ ဦး CZI ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းကို MT News မှ ဖော်ပြပြီးဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ် ညောင်းကွဲရပ်ကွက်အတွင်း နယ်မြေကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော ယာဉ်တန်းကို ဗုံးခွဲခဲ့သည်မှာ ၎င်းတို့ Generation Z Power-GZP (Mandalay) နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဝန်ခံရေးသားဖော်ပြထားသေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *