၂၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသ၌ ဟားမားစ်တို့ ဖမ်းဆီးခေါ်ဆောင်ထားသော ဓစာခံများ ပြန်လွှတ်ပေးရေး အတွက် ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဟားမားစ်တို့အကြား ညှိနှိုင်းဆွေးနွေးနေမှုတွင် တိုးတက်မှုများရရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ynetnews.com အွန်လိုင်းမီဒီယာက နိုဝင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

ဟားမားစ်တို့အနေနှင့် မည်သည့်တောင်းဆိုမှုမျိုးကိုပြုလုပ်သည်ဖြစ်စေ အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသ၏ အကြီးဆုံးဖြစ်သော Al Shifa ဆေးရုံမှ ပြန်လည်ဆုတ်ခွာမည်မဟုတ်သည်ကို သဘောပေါက်လာကြပြီးနောက်တွင် ရွေးချယ်ရန်လမ်းမရှိဘဲ ညှိနှိုင်းဆွေးနွေးပွဲကိုသာရောက် လာကြလိမ့်မည်ဟု အစ္စရေးအရာရှိများက ယုံကြည်ထားကြသည်။

ကာတာညှိနှိုင်းစေ့စပ်ရေးသမားများ၏ပြောကြားချက်များအရ ဟားမားစ်တို့က လေးရက်(သိုမဟုတ်) ငါးရက်ကြာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေးပြုလျှင်ဖမ်းဆီးထားသူ ဓားစာခံ ၅၀ ကို ပထမအဆင့်အဖြစ် လွှတ်ပေးမည်ဖြစ်ကာ အစ္စရေးဘက်မှလည်း ဖမ်းဆီးထားသော ပါလက်စတိုင်း ကလေးနှင့်အမျိုးသမီး ၁၅၀ ခန့်ကို ပြန်လွှတ်ပေးရမည်ဖြစ်ကာ ဂါဇာသို့ လောင်စာတင်သွင်းခွင့်ပြုပေးရမည်ဟု တောင်းဆိုထားသည်။

သို့သော် ဟားမားစ်တို့က ၎င်းတို့ပြန်ပေးဆွဲထားသော ကလေးများနှင့် အမျိုးသမီးများက မည်သည့်နေရာတွင်ဆိုသည်ကို မသိကြောင်းနှင့် ပထမပိုင်း အပစ်အခတ်ရပ်စဲရေးကာလ၏ ပထမပိုင်းရက်များတွင် တိုက်ခိုက်မှုများပါ ရပ်တန့်ရန်တောင်းဆိုထားသည်။

ထို့ပြင် ဟားမားစ်တို့က ပြန်လည်လွှတ်ပေးမည့် ဓားစာခံအရေအတွက်ကိုလည်း တိုးပေးလိုသည့်ဆန္ဒရှိပါကြောင်း ပြောခဲ့ကြသည်။ အစ္စရေးဘက်က အကယ်၍ လက်ရှိလွှတ်ပေးမည်ဆိုသည့် ၅၀ ဦးထက် ၂၀ ဦးမှ ၂၅ ဦးအထိ တိုး၍လွှတ်ပေးလျှင် အစ္စရေးအနေဖြင့် ကလေးများ၊ အမျိုးသမီးများ၊ အဖွားအိုများအပါအဝင် ဖမ်းဆီးထားသောပါလက်စတိုင်းမိသားစုဝင်အားလုံးကို ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Ref——-ynetnews.com

Leave a Reply

Your email address will not be published. Required fields are marked *