April 29, 2024

MT News

၁၅. ၁၁. ၂၀၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်အား နိုဝင်ဘာ ၂၅၊ ၂၆ နှင့် ၂၇ ရက်များတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 399675728_638018855170852_8298543898788356353_n.jpg

အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ဆီမီး(၉၀၀၀) ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ် များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများကို ၃ ရက်တိုင်တိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *