၁၅. ၁၁. ၂၀၂၃

Written by Nay Moe

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့က တပ်စခန်းနှစ်ခုကို CNA၊ CDF ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ တိုက်ခိုက် သိမ်းယူပြီးလက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းခဲ့သလို တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ လခရ ၄၃ ဦးဟာ အိန္ဒိယနိုင်ငံဘက်ဆီ သွားရောက်ခိုလှုံကြပြီး မီဇိုရမ် – အာသံရိုင်ဖယ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပေမဲ့ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီမှာပဲ ၄၂ ဦးကို မိခင်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး တစ်ဦးကတော့ ချန်ဖိုင်ခရိုင်ဆေးရုံကြီးမှာကုသမှုခံယူနေရဆဲဖြစ်တယ်လို့ Indiatoday သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၉ ဦးဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ကနဦးရောက်လာခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် မနက်မှာတော့ ၄ ယောက်ထပ်မံရောက်ရှိလာလို့ သူတို့ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ခေတ္တထိန်းသိမ်းထားပြီး အာသံရိုင်ဖယ်တပ်ကို လွှဲပြောင်းပေးခဲ့လို့ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်၊ နှာ့လန်ကျေးရွာကနေ အာသံရိုင်ဖယ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ထုတ်ပြီး ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 401508898_638010581838346_8516688886537532311_n.jpg

မြန်မာလက်နက်ကိုင်သူပုန်တွေဟာ တပ်စခန်းနှစ်ခုဖြစ်တဲ့ ရိခေါ်ဒါရ်နဲ့ ခေါ်မဝီစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ချန်ဖိုင်ခရိုင် လက်ထောက်ကော်မရှင်နာ James Lalrinchhana က ပြောခဲ့သလို ဒီတိုက်ပွဲတွေကြောင့် မြန်မာဘက်က တိုင်းရင်းသား ၂၅၀၀ ကနေ ၅၀၀၀ ကြား မီဇိုရမ်ပြည်နယ်ဘက်တိမ်းရှောင်လာတယ်လို့လည်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာနက အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို CNA၊ CDF ချင်းလက်နက်ကိုင်တွေက သိမ်းယူပြီးနောက်မှာ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံအလံ​တော် ဖြုတ်ချပြီး CNA အလံကို လွှင့်ထူထားတယ်လို့လည်း သတင်းဓာတ်ပုံတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေသတွင်းသတင်းတွေအရ ဒီစခန်းသိမ်းတိုက်ပွဲမှာ ချင်း PDF ၆ ဦးသေခဲ့ပြီး ငါးဦးကတော့ ချင်းအမျိုးသားတပ်ဦးကဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref: ; India Today & Photo: ; Zofa Journal

Leave a Reply

Your email address will not be published. Required fields are marked *