၁၅. ၁၁. ၂၀၂၃
Written By Thandar

၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်းမှာ ကျင်းပသွားဖို့ လျှောက်ထားတယ်လို့ National Director ထူးအံ့လွင်က ပြောပါတယ်။

“ကျွန်တော်တို့ Miss Grand International 2024 ပြိုင်ပွဲကြီးအတွက် လာမယ့် ၂၀၂၄ ခုနှစ်မှာ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ ဘောလုံးကွင်းမှာ ကျင်းပဖို့ လျှောက်ထားပါတယ်။ တကယ်လို့ လက်ခံကျင်းပခွင့်ရတယ်ဆိုရင်တော့ သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပမှာပါ။ ပရိသတ်တွေကို ပြောချင်တာက ကျွန်တော့်အနေနဲ့ လာမယ့်နှစ်မှာလည်း ကိုယ့်နိုင်ငံက နိုင်ငံ့ကိုယ်စားပြုအလှမယ်ကို မြန်မာက သရဖူရအောင် ကြိုးစားပြီး ပံ့ပိုးပေးမှာပါ။ စတိတ်စင်ကိုလည်း အကြမ်းဖျင်းပုံကြမ်းတွေ ရေးဆွဲထားပါတယ်။ ကျွန်တော် ယူထားတဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်သွားမှာပါ” လို့ National Director ထူးအံ့လွင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-15_12-15-25-876x1024.jpg

Miss Grand International 2024 ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒီပြိုင်ပွဲကြီးအတွက် ပါဝင်ယှဥ်နိုင်မယ့် အလှမယ်ကို တစ်နှစ်ကြိုတင်ရွေးချယ်မှာဖြစ်ပါတယ်။

တစ်နှစ်ကြိုတင်ရွေးချယ်ကျင်းပမယ့် Miss Grand Myanmar 2024 အလှမယ်ပြိုင်ပွဲကြီးရဲ့ တရားဝင် Event Schedule အချိန်ဇယားများ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-15_12-15-43-1024x600.jpg

Miss Grand Myanmar 2024 ပြိုင်ပွဲကာလကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီးတော့ ပြိုင်ပွဲကာလတစ်လျှောက်လုံး ရင်ခုန်ဖွယ်ရာ အမိုက်စားယှဥ်ပြိုင်မှုတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ Grand International 2023 Winner ဆုကို ပီရူးအလှမယ်က ရရှိခဲ့ပြီး မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်ကတော့ 1st Runner Up ဆု ၊ Country’s Power of The Year ဆု နဲ့ Miss Popular Vote ဆုကြီးတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *