MT News

Written by Tha Doe

မြို့ကြီး ၁၂ မြို့အား ဝန်းကျင်လေထုအရည်အသွေး စလေ့လာဆန်းစစ်ရာ မန္တလေးတိုင်းတွင် ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများနှင့် Sulphur Dioxide အငွေ့များမှာ ထိခိုက်စေနိုင်သောအခြေအနေတွင် ရှိနေကြောင်း ဆန်းစစ်တွေ့ရှိရသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) – Haz Scanner Particulate Matter 2.5 (PM,,) Particulate Matter 10 (PM, Nitrogen Dioxide (NO)Sulphur Dioxide (SO)၊ Ozone (O) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့၊ ထားဝယ်မြို့၊ မြစ်ကြီးနားမြို့၊ လွိင်ကော်မြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့၊ တာချီလိတ်မြို့နှင့် လားရှိုးမြို့တို့တွင် တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေး ရလဒ်များအား Air Quality Index (AQI) ဖြင့် တွက်ချက်ထားမှုအရ နေပြည်တော်တွင် ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများ လေထုအတွင်းရှိနေသော်လည်း လက်ခံနိုင်ဖွယ်အခြေအနေရှိနေသည်ကို တွေ့ရပြီး ကျန်သော Parameter များမှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေသည်။ ထို့အတူ ရန်ကုန်၊ တနင်္သာရီနှင့် ကချင် ပြည်နယ်အတွင်းရှိ တိုင်းတာသောနေရာများ၏ Parameter များမှာလည်း ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။

မန္တလေးတိုင်းတွင်မူ ပြင်ဦးလွင်သစ်ထုတ်လုပ်ရေးဒေသရုံးတွင် ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများလက်ခံနိုင်သောအခြေအနေတွင်သာရှိပြီး ပြင်ဦးလွင်ခရိုင် မော်တော်ယာဥ်နည်းပညာသုတေသနဌာနတွင်မူ ခံနိုင်ရည်နည်းပါးသူအတွက် ထိခိုက်စေနိုင်သည့် အမှုန်အမွှားများရှိနေပြီး အောင်မြေသာဇံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် ပုသိမ်ကြီးမြို့နယ်ရှိ Myanmar Conch ဘိလပ်မြေစက်ရုံတို့တွင်မူ ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများမှာ ထိခိုက်စေနိုင်သည့် အဆင့်အထိ ပျံ့လွင့်နေသည်ကို တိုင်းတာရရှိခဲ့သည်။ ထို့အတူ မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် တိုင်းတာရာ ဆာလဖာဒိုင်အောက်ဆိုတ်ဓာတ်ငွေ့များမှာ ထိခိုက်စေနိုင်သည့်အခြေအနေနှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုတ်ဓာတ်ငွေ့များမှာ ခံနိုင်ရည်နည်းပါးသူအတွက် ထိခိုက်စေနိုင်သည့် အခြေအနေရှိနေပြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင်မူ ဆာလဖာဒိုင်အောက်ဆိုတ်ဓာတ်ငွေ့မှာ လက်ခံနိုင်သောအဆင့်နှင့် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင်မူ ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများမှာ လက်ခံနိုင်သောအဆင့်တွင်သာ ရှိနေကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း မုံရွာမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင်လည်း ဆာလဖာဒိုင်အောက်ဆိုတ်ဓာတ်ငွေ့မှာ ခံနိုင်ရည်နည်းပါးသူအတွက် ထိခိုက်နိုင်သောအဆင့်ရှိပြီး မြန်မာ့သစ်လုပ်ငန်းတွင်မူ ထိခိုက်စေနိုင်သည့်အဆင့်အထိ ပျံ့လွင့်နေသည်ဟု သိရသည်။ ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တိုင်းတာရာ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများနှင့် နိုင်ထရိုဂျင်ဒိုင်အောက်ဆိုတ်ဓာတ်ငွေ့မှာ လက်ခံနိုင်သောအဆင့်တွင်သာရှိပြီး ဇွဲကပင်တောင်တွင် တိုင်းတာရာ ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများမှာ ကောင်းမွန်မှုမရှိဘဲ လက်ခံနိုင်သောအဆင့်တွင်သာ ရှိနေသည်။ ထို့အတူ မွန်ပြည်နယ်တွင် မော်လမြိုင်စျေးချိုဝိုင်းအနီးတိုင်းတာရာ ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများမှာ ခံနိုင်ရည်နည်းပါးသူအတွက် ထိခိုက်စေနိုင်သည့်အထိ ပျံ့လွင့်နေကြောင်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် တိုင်းတာရာ ဆာလဖာဒိုင်အောက်ဆိုတ်ဓာတ်ငွေ့များမှာ ထိခိုက်စေနိုင်သည့် အဆင့်တွင်ရှိနေပြီး လားရှိုးခရိုင်ရုံးတွင် တိုင်းတာရာမူ အဆိုပါဓာတ်ငွေ့များမှာ လက်ခံနိုင်သောအဆင့်တွင်သာ ရှိနေသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေခရိုင် ပြည်နယ်ဦးစီးဌာန ရုံးတွင် တိုင်းတာရာ ၂ ဒဿမ ၅ မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများမှာ လက်ခံနိုင်သောအဆင့်နှင့် ငပလီမြို ငပလီလမ်းဆုံဝန်းကျင်နှင့် ဒွါရဝတီမြိုမစျေးအနီးဝန်းကျင်တွင် တိုင်းတာရာ ဆာလဖာဒိုင်အောင်ဆိုတ်ဓာတ်ငွေ့များမှာ လေထုအတွင်း ပျံ့နှံနေပြီး လက်ခံနိုင်သောအဆင့်တွင်သာ ရှိနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News