၁၁. ၁၁. ၂၀၂၃
Written By Thandar

နိုဝင်ဘာ ၁၀ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ၆ ကြိမ်မြောက် ကျင်းပတဲ့ Men Of The Year 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင် သီဟထွန်းက Best Social Media Award ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

“Spokesperson Top (3) နဲ့ အားလုံးရဲ့ ကူညီပံ့ပိုးမှုကြောင့်ရခဲ့တဲ့ Best Social Media Award ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ Best Social Media Award ရတာကလည်း မြန်မာပြည်က ပရိသတ်တွေ Vote လုပ်ပေးလို့ရတဲ့ဆုမို့ လည်း ပိုပျော်ရပါတယ်။ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမဲ့ Top မဝင်ခဲ့လို့ အကောင်းဆုံးအားပေးခဲ့တဲ့လူတွေအားလုံးကိုလည်း အားနာမိပါတယ်။ မြန်မာပြည်က ပရိသတ်တွေ အားပေးမှုကြောင့် ဒီနေရာအထိရောက်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ နောက်တစ်ခါ လိုအပ်ချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ပြန်လည် ယှဉ်ပြိုင်ပါမယ်”လို့ မြန်မာကိုယ်စားပြု အလှမောင် သီဟထွန်းက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_16-48-20-768x1024.jpg

နိုဝင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပတဲ့ Men Of The Year 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမောင် သီဟထွန်းက အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက အလှမောင်တွေ ယှဥ်ပြိုင်ခဲ့တာပါ ။ National Costume ကိုလည်း မြန်မာ့နဂါးရဲ့ လှပကျော့ရှင်းမှု ဝတ်စုံနဲ့ ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Men Of The Year 2023 ပြိုင်ပွဲမှာ Winner ဆုကို Brazil အလှမောင်က ရရှိခဲ့ပြီး 1st Runner up ဆုကို Taiwan အလှမောင်၊ 2nd Runner up ဆုကို Czech Republic အလှမောင်၊ 3rd Runner up ဆုကို Indonesia အလှမောင်၊ 4th Runner up ဆုကို Thailand အလှမောင်တွေ က ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာကိုယ်စားပြု အလှမောင် သီဟထွန်းဟာ မြန်မာနိုင်ငံကို လာမယ့် နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *