၇.၁၁.၂၀၂၃

Written By Thandar

နိုဝင်ဘာ ၆ ရက် ညပိုင်းက ရန်ကုန်မြို့ Chartrium Hotel မှာ ကျင်းပတဲ့ Miss Intercontinental Myanmar 2023 ပြိုင်ပွဲကြီးမှာ Winner ဆုကိုအလှမယ် Anna က ဆွတ်ခူးရရှိခဲ့ပါတယ်။

အဆိုပါအလှမယ်ပြိုင်ပွဲမှာ Top 12 ကနေ Voting အရေအတွက် အများဆုံးသူက Top 9 စာရင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် Title Award ဆုတွေအနေနဲ့ Best In Talent Award ဆု နဲ့ Miss Beauty Of Bling Award ဆု အလှမယ်ပန်ဒြာ၊ Miss My Dentist Award ဆု အလှမယ် သစ္စာရဲရဲနီ၊ Miss Coco Rose ဆုနဲ့ Miss Taw Win Shwe War ဆုတို့ကို အလှမယ်နန်းစံဖောင်း၊ Miss Elegant Award နဲ့ Best Personality ဆုတို့ကို အလှမယ် သိင်္ဂီရွှေရည်လင်း၊ Miss Media Award အလှမယ် စိုးသန္တာဘုံ၊ Popular Choice Award ဆု အလှမယ် ချစ်ပန်းအိမ် စတဲ့ ဆုတွေပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

Top 5 စာရင်းဝင်အနေနဲ့ အလှမယ် သစ္စာရဲရဲနီ၊ အလှမယ် Anna၊ အလှမယ် နန်းစံဖောင်း၊ အလှမယ် ချစ်ပန်းအိမ်၊ အလှမယ် ပန်ဒြာတို့ ရွေးချယ်ခံရပါတယ်။ 4th Runner Up ဆုကို အလှမယ် ချစ်ပန်းအိမ် , 3rd Runner Up ဆုအလှမယ် ပန်ဒြာ ၊ 2nd Runner Up ဆုကို အလှမယ် သစ္စာရဲရဲနီ၊ 1st Runner Up ဆုကို အလှမယ် နန်းစံဖောင်း၊ Winner ဆုရှင်ကို အလှမယ် Anna က ဆုကြေးကျပ် သိန်း ၅၀ စတာတွေ ရရှိခဲ့ပါတယ်။

Winner ဆုရရှိတဲ့ အလှမယ် Anna ကတော့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် Miss Intercontinental 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News