၆. ၁၁. ၂၀၂၃
Written by Pan Ei

အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ တောင်ကိုရီးယားနိုင်ငံက ရသစုံလင်ရှိုး Running Man ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က စင်ကာပူမှာ ရိုက်ကူးခဲ့တယ်လို့ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Running Man ရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ယူဂျယ်ဆော့၊ ဂျီဆော့ဂျင်း၊ ဂင်ဂျုံးဂု၊ ဟားဟား၊ ဆုန်းဂျီဟို၊ ယန်းဆယ်ချန်းတို့ဟာ ဧည့်သည်အဖွဲ့ဝင်တွေဖြစ်တဲ့ ဟုန်ဂျင်ဟို၊ ရှင်းယဲအွန်းတို့နဲ့အတူ Lau Pa Sat နဲ့ Clarke Quay တို့အပါအဝင် စင်ကာပူက အထင်ကရနေရာတွေကို သွားရောက်ပြီး ရိုက်ကူးခဲ့ကာ ပရိသတ်များစွာကလည်း အဖွဲ့ဝင်တွေကို အားပေးခဲ့ကြတာကို ပရိသတ်တွေ အင်တာနက်ပေါ် တင်ခဲ့ကြတဲ့ ဗီဒီယိုတွေအရ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-06_13-07-51-819x1024.jpg

၂၀၁၀ ပြည့်နှစ် ဇူလိုင်လကတည်းက စတင်ထုတ်လွှင့်ပြသခဲ့ပြီး အာရှမှာ ရေပန်းအစားဆုံး ရှိုးတွေထဲကတစ်ခုဖြစ်တဲ့ Running Man ဟာ စင်ကာပူက ပရိသတ်တွေနဲ့ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ ပရိတ်သတ်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီတစ်ခေါက်ဟာ စင်ကာပူမှာ ပထမဆုံး အကြိမ် ရိုက်ကူးတာ ဖြစ်ပါတယ်။

မကြာသေးမီက မင်းသမီး ဂျောင်ဆိုမင်းက Running Man ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး သူမရဲ့နောက်ဆုံးအပိုင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ က ရိုက်ကူးခဲ့ကာ အဲ့ဒီနောက်ဆုံးအပိုင်းကို နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *