၆. ၁၁. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ၏ ဒုတိယရဲချုပ်တစ်ဦးဖြစ်သော ရဲချုပ် ဆူရာချာတီ ဟတ်ပန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောင်ကိုင်မြို့ရှိ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာအာဏာပိုင်များ နှင့်တွေ့ဆုံဆွေးနွေးရေး ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံကို သွားရောက်မည်ဟု ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ထိုင်းနိုင်ငံသားများသည် လောင်ကိုင်မြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တရားမဝင်လုပ်ကိုင်နေသည့် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသော လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပိတ်မိနေခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် ပြီးခဲ့သော နိုဝင်ဘာ ၄ ရက်နေ့က ဟိုတယ်တစ်ခုထဲတွင် ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံ သား ၂၉ ယောက်ကို ပြန်ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ထိုင်း နိုင်ငံသား ၁၃၃ ယောက်ကိုလည်း ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-06_13-06-35.jpg

ထိုင်းဒုတိယရဲချုပ်က ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းနိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်မည့်နည်းလမ်းများကို မြန်မာအာဏာပိုင်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံကို ရောက်ရှိချိန်အတွင်း ပြန်လည်ကယ်ထုတ်ထားသော ထိုင်းနိုင်ငံသားများကို တွေ့ဆုံရန် ယာယီထိန်းသိမ်းရေးစခန်းများကိုလည်း သွားရောက်ဖွယ်ရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံသားအချို့အပြင် အခြားနိုင်ငံသားများသည် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် လူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်မှုကျူးလွန်နေသည့် ဂိုဏ်းများ၏ သားကောင်ဖြစ်နေရကြောင်း ထိုင်းဒုတိယရဲချုပ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေသည့်အ တွက် ပြန်လည်ကယ်ထုတ်ထားသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ် နိုင်ငံကူမင်းမြို့သို့ အရင်ပို့ဆောင်မည်ဖြစ်ပြီး ကူမင်းမြို့မှထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေကြောင်း၊ ထိုင်းဒုတိယရဲချုပ်ဖြစ်သူ ဆူရာချာတီ ဟတ်ပန်က ပြောသည်။

Ref; bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *

Related News